ကမ္ဘောဇတိုင်း
.
တောင်ကြီးနှင့် လားရှိုးမြို့မှ လူနာ ၃ ဦး အပါအဝင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၁၉ ဦး ထပ်မံတွေ့ရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏
ယနေ့ စက်တင်ဘာလ ၂ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက် အရ သိရသည်။
.
.
အဆိုပါ ဓါတ်ခွဲအတည်ပြုလူနာများမှာ ရန်ကုန်တိုင်းဒေသကြီးမှ
၁၂ ဦး၊ ကချင်ပြည်နယ်မှ ၂ ဦး၊ မန္တလေးတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးမှ
တစ်ဦးစီ၊ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နယ်မှ ၂ ဦးနှင့် လားရှိုး မြို့နယ်မှ
တစ်ဦးတို့ဖြစ်ကာ ရှမ်းပြည်နယ်မှ ဓါတ်ခွဲအတည်ပြုလူနာ ၃ ဦးမှာ ပြည်ပနိုင်ငံများမှ ပြန်လာ သူဖြစ်ပြီး
ရန်ကုန်မြို့တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူများဖြစ်ကြောင်း သိရသည်။
“တောင်ကြီးက ၂ ယောက်က ဖိလစ်ပိုင်ပြန်ပါ။ ရန်ကုန်မှာ Quarantine
ဝင်နေသူတွေ ဖြစ်ပါတယ်။ တောင်ကြီးကို ပြန် မရောက်သေးပါဘူး” ဟု ရှမ်းပြည်နယ်
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကို က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
စက်တင်ဘာလ ၁ ရက်၊ ညနေပိုင်းအတွက် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန
(ရန်ကုန်) (NHL) မှ (ဒုတိယအသုတ် ) ဓာတ်ခွဲ နမူနာ ၅၆၈ ခု
နှင့် ဆေးသုတေသနဦးစီးဌာန (DMR)မှ (ဒုတိယအသုတ် ) ဓာတ်ခွဲနမူနာ ၁၂၀ ခု စုစုပေါင်း ၆၈၈ ခု အား စစ်ဆေးပြီးစီးခဲ့ရာ
ယင်း လူနာအသစ် ၁၉ ဦး ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ စက်တင်ဘာလ ၂ ရက်၊ နံနက်ပိုင်းအထိ
COVID-19
ပိုးတွေ့ အတည်ပြုလူနာ ၉၃၈ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၃၅၇ ဦးမှာ ပြန်လည်
သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.