COVID-19 ပိုးတွေ့လူနာ ၁၂၀ ဦး ထပ်တိုးပြီး သေဆုံသူ ၁၄ ဦး ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုးတွေ့လူနာ ၁၂၀ ဦး ထပ်တိုးပြီး သေဆုံသူ ၁၄ ဦး ရှိလာ

ကမ္ဘောဇတိုင်း

.

မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ပိုးတွေ့လူနာ ၁၂၀ ဦး ထပ်မံတွေ့ရှိပြီး သေဆုံးသူ ၁၄ ဦး အထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ စက်တင်ဘာလ ၁၀ ရက်၊ နံနက် ၈ နာရီ အချိန် ထုတ်ပြန်ချက်အရ သိရသည်။

.


.

စက်တင်ဘာလ ၉ ရက်၊ ညနေပိုင်းတွင် ဓါတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၅၈၃ ခု၊ ဆေးသုတေသနဦးစီးဌာန(DMR) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၉၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၂၇၈ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၆၄ ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၆၃ ခု၊ ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၄၂ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၃၄ ခု၊ ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ ၁၀ ခု၊ ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ ၈ ခု၊ ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ ၅ ခု၊ ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ ၄ ခု၊ ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ ၄ ခုနှင့် ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ ၁ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၂၁၈၉ ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂၀ ဦး တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

.

COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် တက်ရောက်ကုသမှုခံယူလျက်ရှိကြသည့် အသက် (၅၅) နှစ်အရွယ် ဆီးချိုရောဂါနှင့် သွေးတိုးရောဂါအခံရှိသူ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာအမျိုးသမီး (Case – 1590) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်းပျက်စီးခြင်း၊ ရုတ်တရက် နှလုံးရပ်ခြင်းကြောင့် စက်တင်ဘာလ ၉ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင်လည်းကောင်း၊ အသက် (၄၅) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ အမျိုးသား (Case – 1491) သည်  ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်း၊ နှလုံးကြွက်သားရောင်ရမ်းခြင်းကြောင့် စက်တင်ဘာလ ၁၀ ရက်၊ နံနက် ၂ နာရီ၊ ၅၀ မိနစ်တွင်လည်းကောင်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

.

သို့ဖြစ်၍ ယနေ့ စက်တင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းအထိ  မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၀၀၉ ဦး ရှိလာပြီဖြစ်ပြီး သေဆုံးသူ ၁၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဓါတ်ခွဲအတည်ပြုလူနာ အသစ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဆက်လက် ထုတ်ပြန် ပေးသွးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားသည်။

.

Journal Download

Photo of three cats