ကမ္ဘောဇတိုင်း
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ စက်တင်ဘာလ ၉ ရက်၊ နံနက်
၈ နာရီအချိန် ထုတ်ပြန်ချက်များ အရ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၉၈ ဦး ထပ်မံတွေ့ရှိပြီး
သေဆုံးသူ ၁၂ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
.
.
စက်တင်ဘာလ ၈ ရက်၊ ညနေပိုင်း ဓါတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန
(ရန်ကုန်) (NHL) မှ
ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၇၇၄ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၉၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန
(မန္တလေး) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲ နမူနာ ၁၈၄ ခု နှင့် ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော
ဓာတ်ခွဲနမူနာ ၃၀ ခု၊
စုစုပေါင်း ဓာတ်ခွဲနမူနာ ၁၀၈၂ခု အား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ
ဓာတ်ခွဲအတည်ပြု လူနာသစ် ၉၈ ဦး တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ဝေဘာဂီအထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့တွင်
တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် (၅၁)နှစ်အရွယ် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ အမျိုးသားတစ်ဦး (Case – 885) သည်
(၉-၉-၂၀၂၀)ရက်နေ့၊ နံနက် (၃:၃၀) နာရီအချိန်တွင် ရုတ်တရက်နှလုံးရပ်ခြင်း၊ ပြင်းထန်
အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းဖြင့် သေဆုံးခဲ့
ပါသည်။
.
သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၊ရန်ကုန်မြို့တွင်
တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက်(၅၇)နှစ်အရွယ် ဆီးချို၊ သွေးတိုးရောဂါအခံရှိသူ
အမျိုးသမီးတစ်ဦး၊ COVID-19 ရောဂါ
ဓာတ်ခွဲအတည်ပြုလူနာ (Case –
1692) သည် ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း
ပျက်စီးခြင်းဖြင့် (၇-၉-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၅) နာရီအချိန် တွင် သေဆုံးခဲ့ကြောင်း
သိရသည်။
.
သို့ဖြစ်၍ ယနေ့ စက်တင်ဘာလ ၉ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁၈၀၇ ဦးရှိပြီး ဓါတ်ခွဲအတည်ပြုလူနာများအနက်
သေဆုံးသူ ၁၂ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.