ရှမ်းပြည်နယ်တွင် ယနေ့ (စက်တင်ဘာလ ၂၈ ရက်)ထိ COVID-19 ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၂၅ ဦး ရှိကြောင်း ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
အဆိုပါ COVID-19 ပိုးတွေ့အတည်ပြုလူနာ ၂၅ ဦးတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ ၁၁ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၃ ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ၇ ဦး၊ တပ်မတော်မှ ၄ ဦး ပါဝင်ပြီး ယင်းတို့အနက် ၁၉ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်ကာ ကုသဆဲလူနာ ၅ ဦးနှင့် သေဆုံးသူ ၁ ဦး ရှိကြောင်း သိရသည်။
.
သေဆုံးသူ လူနာမှာ တောင်ကြီးမြို့နေ အသက် ၆၇ နှစ်အရွယ် အမျိုးသား ဖြစ်သည့် လူနာအမှတ်(၆၉၁၆) ဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်တွင် စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.