COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၅၃၅ ဦး ထပ်မံ တွေ့ရှိကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (စက်တင်ဘာလ ၂၄ ရက်)၊ နံနက် ၈ နာရီ
ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ အတည်ပြု လူနာများ၏ အသေးစိတ်
အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးဘဲ
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန၊
ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနများ၊ ပြည်သူ့ဆေးရုံများနှင့်
တပ်မတော်ဆေးရုံတို့တွင် ဓါတ်ခွဲ စစ်ဆေး ပြီးစီးခဲ့သော
ဓာတ်ခွဲနမူနာများအနက် ၅၃၅ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်ကြောင်း
သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (စက်တင်ဘာလ ၂၄
ရက်)၊ နံနက် ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၇၈၂၇ ဦး ရှိကာ၊
ယင်းအနက် ၁၃၃ ဦး သေဆုံး၍ ၂၀၈၅ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ
ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။