COVID-19 အတည်ပြုလူနာ အသစ် ၂၇၃ ဦး ထပ်မံ တွေ့ရှိ၊ ရှမ်းတောင်မှ ၃ ဦး ပါဝင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ အသစ် ၂၇၃ ဦး ထပ်မံ တွေ့ရှိ၊ ရှမ်းတောင်မှ ၃ ဦး ပါဝင်

COVID-19 ပိုးတွေ့လူနာအသစ် ၂၇၃ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (စက်တင်ဘာလ ၂၂ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

.

ယင်းလူနာများတွင် ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)မှ ပထမအသုတ် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၉၃ ခုအနက် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှ ၂ ဦးနှင့် ပင်လောင်းမြို့မှ ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။

.


 

“ တောင်ကြီး စဝ်စံထွန်းက ပို့ပြီး စစ်ထားတဲ့ ၂ ယောက်၊ ပင်လောင်း Quarantine က ၁ ယောက် ဖြစ်ပါတယ်။ တောင်ကြီး ၂ ယောက်ကတော့ အထက(၂) Quarantine Center က သားအဖ ၂ ယောက်ပါ၊ ဖခင်ဖြစ်သူက သောကြာနေ့က ဆုံးသွားသူပါ။ ပင်လောင်းကတော့ ရန်ကုန်က ပြန်လာပြီး Quarantine ဝင်နေသူ trsdပါ။” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


အဆိုပါ အတည်ပြုလူနာများ၏ အသေးစိတ် အချက်အလက်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခြင်း မရှိသေးဘဲ အမျိုးသား ကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနများ၊ ပြည်သူဆေးရုံများ၌ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာများအနက် ၂၇၃ ဦး၏ ဓါတ်ခွဲနမူနာတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

.

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (စက်တင်ဘာလ ၂၂ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၆၇၄၃ ဦး ရှိကာ၊ ယင်းအနက် ၁၁၅ ဦး သေဆုံး၍ ၁၉၅၁ ဦးမှာ ပြန်လည် သက်သာလာ၍ ဆေးရုံမှ ဆင်းခွင့် ရပြီ ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats