COVID-19 အတည်ပြုလူနာ အသစ် ၇၃ ဦး ထပ်မံ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ အသစ် ၇၃ ဦး ထပ်မံ တွေ့ရှိ

ကမ္ဘောဇတိုင်း

.

COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာအသစ် ၇၃ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (စက်တင်ဘာလ ၁၇ ရက်)၊ နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

.

.

အဆိုပါ အတည်ပြုလူနာများ၏ အသေးစိတ် အချက်အလက်များအား ထုတ်ပြန်ခြင်း မရှိသေးဘဲ အမျိုးသား ကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနများ၊ ပြည်သူဆေးရုံများနှင့် တပ်မတော်ဆေးရုံတို့၌ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာများအနက် ၇၃  ဦး၏ ဓါတ်ခွဲနမူနာတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

.

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (စက်တင်ဘာလ ၁၇ ရက်)၊ နံနက် ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၈၉၄ ဦး ရှိကာ၊ ယင်းအနက် ၄၆ ဦး သေဆုံး၍ ၉၀၈ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats