ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလုနာအသစ် ၁၁၅ ဦး တွေ့ရှိကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ စက်တင်ဘာလ ၁၁ ရက်၊ နံနက် ၈ နာရီအချိန်
ထုတ်ပြန်ချက်အရ သိရသည်။
.
စက်တင်ဘာလ ၁၀ ရက်၊ ညပိုင်းအတွက် COVID-19 ရောဂါ
ဓါတ်ခွဲစစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေး
ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)
မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ ၁၀၀၅ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) မှ
ဓာတ်ခွဲနမူနာ ၁၁၉ ခု၊
ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၈၁ ခု၊ ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ
ဓာတ်ခွဲနမူနာ ၅၈ ခု၊
နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၂၃ ခု၊ ပြည်သူ့ဆေးရုံကြီး၊
ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ ၅ ခု၊ ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ ၃ ခု၊ ပြည်သူ့ဆေးရုံကြီး၊
ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၁ ခု၊ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ ဓာတ်ခွဲနမူနာ ၉ ခု၊ ပြည်သူ့ဆေးရုံကြီး၊
လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ ၃ ခုနှင့် ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ ၉ ခု၊ ပြည်သူ့ဆေးရုံကြီး၊
တာချီလိတ်မြို့မှ ဓာတ်ခွဲနမူနာ ၁၆ ခု၊ ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ ၂ ခု၊ ပြည်သူ့ဆေးရုံကြီး၊
ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ ၈ ခု၊ ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ
ဓာတ်ခွဲနမူနာ ၁၈ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁၃၇၀ ခုတို့အား ထပ်မံ စစ်ဆေးခဲ့ရာ ဓါတ်ခွဲအတည်ပြုလူနာအသစ်
၁၁၅ ဦး ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ယနေ့ စက်တင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင်
COVID-19
ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂၂၆၅ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.
ယင်း ဓါတ်ခွဲအတည်ပြုလူနာအသစ်များ၏ အချက်အလက်များကို ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားသည်။
.
No comments:
Post a Comment