တောင်ကြီးဓါတ်ခွဲခန်းတွင် စက်တင်ဘာလ ၉ ရက်မှ စတင်၍ COVID-19 စစ်ဆေးပေးရန် တင်ပြထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးဓါတ်ခွဲခန်းတွင် စက်တင်ဘာလ ၉ ရက်မှ စတင်၍ COVID-19 စစ်ဆေးပေးရန် တင်ပြထား


စုလှိုင်
.
တောင်ကြီးမြို့၊ စဝ်စံထွန်းအထွေထွေရောဂါကု ဆေးရုံကြီးရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး) တွင် စက်တင်ဘာလ ၉ ရက်မှ စတင်၍ COVID-19 ရောဂါပိုး စစ်ဆေးပေးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

.
“အခုက Test Run (စမ်းသပ်)နေတာပေါ့။ ဘာမှညွန်ကြားချက် မရသေးပါဘူး။ Sample (နမူနာ)တွေကို run နေတယ်။ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာကို အဖြေတွေ ပြန်ပြီးပို့ရမှာပေါ့။ အဲဒါတွေကို သူတို့က ကျေနပ်မှုရှိတယ်ဆိုရင် မနက်ဖြန် (စက်တင်ဘာ ၉ ရက်) စဖို့တော့ ပြောထားပါတယ်။ လောလောဆယ်မှာ မနေ့ (စက်တင်ဘာ ၇ ရက်) က Sample (နမူနာ)တစ်သုတ် NHL ကို ထွက်သွားတဲ့အတွက် လောလောဆယ် Sample တော့ မရောက်နိုင်သေးပါဘူး” ဟု စဝ်စံထွန်းဆေးရုံကြီး၊ ရောဂါရှာဖွေရေးဌာနမှ အထူးကုဆရာဝန်ကြီး (အဏုဇီဝ) ဒေါက်တာ ပိုးပိုးလင်း က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ထို့အတူ ရှမ်းပြည်နယ် ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင် ကလည်း “ဒီနေ့ကိုတော့ test(စမ်းသပ်)စပြီး run နေပြီပေါ့။ အဖြေတွေကို အမျိုးသားဓာတ်ခွဲကို ပို့ရမယ်။ အမျိုးသားဓာတ်ခွဲက အဖြေ ကိုက်တယ်။ စစ်လို့ ရပြီ ဆိုလို့ရှိရင် စပြီးစစ်မယ်။ တစ်ရက် ၁၀၀ လောက်တော့ အနည်းဆုံး စစ်လို့ရမယ်။ တစ်ခု နှစ်ခု နဲ့ run လို့ရှိရင် အရမ်းကို ကုန်ကျစရိတ်က များတယ်။ ကော်မတီက လာတာတွေစုမယ်။ မြို့နယ်တွေကလာတာတွေ စုမယ်။ ၃ ရက်တစ်ခါ ပို့မယ်။ တစ်ပတ်ကို နှစ်ကြိမ်တော့ စစ်နိုင်မယ်။ ဒီနေ့က ပထမဆုံး အနေနဲ့ test (စမ်းသပ်) လုပ်ရမှာပေါ့”ဟု ပြောဆိုခဲ့သည်။
.
ဓာတ်ခွဲစစ်ဆေးမှုကို အကြမ်းဖျဉ်းအားဖြင့် အပတ်စဉ် တနင်္လာနှင့် ကြာသပတေးနေ့တို့တွင် ပေးပို့သွားမည်ဖြစ်ပြီး တစ်ကြိမ် စစ်ဆေးလျှင် အယောက် ၁၀၀ စစ်ဆေးမည်ဖြစ်ကာ အမျိုးသားကျန်းမာရေးနှင့် ဓာတ်ခွဲစစ်မှုဆိုင်ရာဌာန (ဗဟို) ၏ ညွန်ကြားချက်များအတိုင်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
COVID-19 ရောဂါပိုး စစ်ဆေးပေးရာ၌ တစ်ဦးလျှင် တစ်ကြိမ်စစ်ဆေးလျှင် ၂ သိန်းကျော် ကုန်ကျမည်ဖြစ်ပြီး Quarantine Center တွင် ဝင်ရောက်နေချိန်တွင် တစ်ကြိမ်၊ ထွက်ခါနီးတွင် တစ်ကြိမ် လူနာ တစ်ဦးလျှင် ၂ ကြိမ် စစ်ဆေးပေးရမည့်ဖြစ်သောကြောင့် ၄ သိန်းကျော် ကုန်ကျမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ NHLPHL များတွင် အားလုံး လုံလုံလောက်လောက် စစ်ဆေးပေးနိူင်ရန် စီစဉ်ပေးထားကြောင်းသိရသည်။
.

တောင်ကြီးစဝ်စံထွန်းတွင် COVID-19 ရောဂါ စမ်းသပ်ရာတွင် ဒေါက်တာပိုးပိုးလင်း အပြင် ဦးစီးအရာရှိ တစ်ဦး ၊ Medical Technologic ၂ ဦး စုစုပေါင်း ဆရာဝန် လေးဦးဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ယခင်က ဇူလိုင်လ အလယ် ခန့်တွင် စတင် စမ်းသပ်ပေးနိုင်မည်ဟု ခန့်မှန်းထားခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats