ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ
၉၂ ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း အတည်ပြုလူနာ ၁၆၁၀ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၏ ယနေ့ စက် တင်ဘာလ ၈ ရက်၊ နံနက် ၈ နာရီ အချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
.
စက်တင်ဘာလ ၇ ရက် ညနေပိုင်းတွင် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ
ဌာန (ရန်ကုန်) (NHL)
မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၂၆၉ ခု၊ ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့မှ
ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၇၃ ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၇၀
ခု၊ ပြည်သူ့ ဆေးရုံကြီး၊
ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၅၂ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ ၃၃
ခု၊ ပြည်သူ့ဆေးရုံကြီး၊
မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ ၇ ခု၊ ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ ၆ ခု၊ ပြည်သူ့ဆေးရုံကြီး၊
လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ ၅ ခု၊ ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ ၅ ခု၊ ပြည်သူ့ဆေးရုံကြီး၊မူဆယ်မြို့မှ
ဓာတ်ခွဲနမူနာ ၃ ခု၊
ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၂ ခု၊ ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ ၁
ခု နှင့် ပြည်သူ့ဆေးရုံကြီး၊
ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ ၁ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၂၆၉၇ ခု အား စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်
၉၂ ဦး တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ ယနေ့ စက်တင်ဘာလ ၈ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ
အတည်ပြုလူနာ ၁၆၁၀ ဦး ရှိလာပြီဖြစ်ပြီး ရောဂါ တွေ့ရှိသူများအနက် သေဆုံးသူ ၈ ဦး ရှိလာပြီဖြစ်ကြောင်း
သိရသည်။
.