ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ COVID-19 ကာကွယ်ရေး ပစ္စည်းများ ထပ်မံပေးအပ်လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ COVID-19 ကာကွယ်ရေး ပစ္စည်းများ ထပ်မံပေးအပ်လှူဒါန်း


ကမ္ဘောဇတိုင်း
.
ကမ္ဘောဇဘဏ် လီမိတက်မှ ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ ယနေ့ စက်တင်ဘာ လ ၇ ရက်၊ နံနက်ပိုင်းက ငွေကျပ် သိန်း ၂၀၉၀ တန်ဖိုးရှိ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်း ၆ မျိုးကို လှူဒါန်းခဲ့ကြောင်း သိရသည်။
.

.
COVID-19 ကူးစက်မြန်ရောဂါ ယနေ့ဖြစ်ပွားနေသည့်အချိန်ကာလတွင် ရခိုင်ပြည်နယ်နှင့်နိုင်ငံအဝှမ်းရှိ ရောဂါခံစား နေရသော Positive လူနာများနှင့် ၎င်းတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသည့် ကျန်းမာရေးဝန်ထမ်းများ အတွက် ကမ္ဘောဇဘဏ်က လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
လှူဒါန်းပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းနှင့် အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်၊ အရာထမ်း၊ ဝန်ထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ တာဝန်ရှိသူများ ၊ပရဟိတအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
အခမ်းအနားတွင် ကမ္ဘောဇအုပ်စုမှ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာဦးညိုမြင့်က COVID-19 ကူးစက်မြန်ကာလတွင် ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံအဝှမ်း ကူးစက်ခံလူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်လျက်ရှိသော ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများ ထပ်မံလှူဒါန်းရခြင်းအကြောင်း ရှင်းလင်းတင်ပြပြီး ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းနှင့် အရာထမ်း၊ဝန်ထမ်းများက ရှမ်းပြည်နယ် သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ထံသို့ ငွေကျပ် ၂၀၉၀ သိန်းတန်ဖိုးရှိ COVID-19 ကာကွယ်၊ ကုသရေး အထောက်အကူပြုပစ္စည်း ၆ မျိုးကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် COVID-19 ရောဂါ မဖြစ်ပွားမီအချိန်မှစ၍ ရှမ်းပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားတွင် COVID-19 ကာကွယ်ကုသရေး အထောက် အကူပြု ပစ္စည်းများကို ပထမပိုင်းကာလ၌ တန်ဖိုးကျပ်သိန်း ၅၉၅၄၂ ထိပေးအပ်လှူဒါန်းခဲ့ကြောင်း၊ ယခု COVID-19 ရောဂါ ပိုမိုကူးစက်မြန်ဆန်လာသည့် ကာလတွင်လည်း ရခိုင်ပြည်နယ်အတွက် လိုအပ်သော ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်း ၇ မျိုးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွက် ရွေ့လျားကိုယ်ပူချိန်တိုင်းတာစက် ၆ လုံး၊ စုစုပေါင်းကျပ် ၂၄၀၀ သိန်းကို လှူဒါန်းခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ထပ်မံလှူဒါန်းသော ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်း ၆ မျိုး၊ တန်ဖိုးကျပ်သိန်း ၂၀၉၀ အပါအဝင် စုစုပေါင်း လှူဒါန်းမှု ငွေကျပ် ၆၃၇၃၂ သိန်း ၊ရှိပြီဖြစ်ကြောင်း ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
.
အခမ်းအနားတွင် ကမ္ဘောဇဘဏ်မှလှူဒါန်းသည့် ကာကွယ်ကုသရေးအထောက်အကူပစ္စည်းများမှာ ဆေးရုံသုံး Mask ၁၀၀၀၀၀၀၊ ခေါင်းစွပ် ၁၀၀၀၀၀၊ လက်အိတ် ၁၀၀၀၀၀၊ မျက်နှာအကာ Face Shield ၅၀၀၀၀ နှင့် Hand Gel ဘူးကြီး ၅၀၀၀ နှင့် PPE ဝတ်စုံ ၁၀၀၀ တို့ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်သည် နိုင်ငံတော်နှင့် ပြည်သူအတွက် လူမျိုးမရွေး၊ဘာသာမရွေး၊ နေရာဒေသမရွေး၊ အချိန်နှင့် တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးအပ်လှူဒါန်းလျက်ရှိပြီး ယနေ့အထိကျပ်ငွေ ၁၆၆ ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats