ကမ္ဘောဇတိုင်း
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ စက်တင်ဘာလ ၆ ရက်၊ နံနက်
၈ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၆၆ ဦး ထပ်မံတွေ့ရှိပြီး တစ်ဦး ထပ်မံသေဆုံး ခဲ့ကြောင်း
သိရသည်။
.
.
အဆိုပါ ပိုးတွေ့လူနာများမှာ ရန်ကုန်တိုင်းဒေသကြီးမှ ၆၀ ဦး၊ ရခိုင်ပြည်နယ်မှ
၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၂ ဦးနှင့် ကရင်ပြည်နယ်မှ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၅ ရက် ညပိုင်းအတွက် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန
(ရန်ကုန်) (NHL) မှ
(ဒုတိယအသုတ် ) ဓာတ်ခွဲ နမူနာ ၈၉၇ခု နှင့် ဆေးသုတေသနဦးစီးဌာန (DMR)မှ (ဒုတိယအသုတ် ) ဓာတ်ခွဲနမူနာ ၂၀၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန
(မန္တလေး) မှ(ဒုတိယအသုတ် ) ဓာတ်ခွဲနမူနာ ၃၅၇ ခု၊ ပြည်သူ့ဆေးရုံကြီး၊ မြ၀တီမြို့မှ ဓာတ်ခွဲနမူနာ ၁၄
ခု၊ ပြည်သူ့ဆေးရုံကြီး၊
တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ ၁ ခု၊ စုစုပေါင်း ၁၄၇၄ ခု အား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ
ဓာတ်ခွဲအတည်ပြု လူနာသစ် ၆၆ ဦး တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင်
တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် (၄၆) နှစ် အရွယ် ဓာတ်ခွဲ အတည်ပြုလူနာ (Case – 1236) သည်
ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း၊
နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းနှင့် ဆီးချိုရောဂါ အခံ ရှိပြီး စက်တင်ဘာလ ၅ ရက်၊ ညနေ
၃ နာရီ အချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ စက်တင်ဘာလ ၆ ရက်၊
နံနက်ပိုင်းအထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြု လူနာ ၁၃၁၉ ဦး ရှိလာပြီဖြစ်ပြီး ၎င်းတို့အနက်
၈ ဦး သေဆုံး၍ ၃၇၁ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.