ကမ္ဘောဇတိုင်း
.
ကလောမြို့နယ်မှ တစ်ဦး အပါအဝင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာအသစ် ၄၅ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏
ယနေ့ စက်တင်ဘာလ ၅ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
.
အဆိုပါ လူနာအသစ်များမှာ ရန်ကုန်တိုင်းဒေသကြီးမှ ၃၈ ဦး၊ ရခိုင်ပြည်နယ်မှ
၅ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ တစ်ဦးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်မှ တစ်ဦးတို့ဖြစ်ကြောင်း
သိရသည်။
“အောင်ပန်း ကုတင် (၇၀၀) ကပါပဲ။ အမှတ် (၂)
တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀)၊ နေပြည်တော်ကို ပို့ထားတဲ့သူပါ။ သူတို့ကိုကျတော့ သူတို့ဖာသာသူတို့
တာဝန်ယူပြီး လုပ်တာဆိုတော့ ကျွန်မတို့က အသေးစိတ်တော့ မသိပါဘူး” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး
ဒေါက်တာ သူဇာချစ်တင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စက်တင်ဘာလ ၄ ရက်အတွက် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများ
အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ ၇၇၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန
(မော်လမြိုင်) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၆၃ ခု၊ ပြည်သူ့ဆေးရုံကြီး၊
စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၁၁၆ ခု၊ ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ
ဓာတ်ခွဲနမူနာ ၂ ခု၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀)မှ ဓာတ်ခွဲနမူနာ ၁၅၂
ခုနှင့် အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀)၊ နေပြည်တော်မှ ဓာတ်ခွဲနမူနာ ၃၂၅
ခုတို့အား စစ်ဆေးခဲ့ရာ အတည်ပြုလူနာအသစ် ၄၅ ဦး ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ယနေ့ စက်တင်ဘာလ ၅ ရက်၊ နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင်
COVID-19
ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၁၂၁၆ ဦး ရှိလာနေပြီဖြစ်ပြီး ယင်းတို့အနက် ၇
ဦး သေဆုံး၍ ၃၅၉ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။
.