ကလောမြို့နေသူတစ်ဦး အပါအဝင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၆၃ ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့နေသူတစ်ဦး အပါအဝင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၆၃ ဦး တွေ့ရှိ


စုလှိုင်
.
တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် နေထိုင်သူတစ်ဦး အပါအဝင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာအသစ် ၆၃ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစာဝန်ကြီးဌာန၏ ယနေ့ စက်တင်ဘာလ ၃ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.

.
အဆိုပါ ဓါတ်ခွဲအတည်ပြုလူနာ အသစ်များမှာ ရန်ကုန်တိုင်းဒေသကြီးမှ ၃၆ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂၄ ဦး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ၁ ဦးစီ ဖြစ်ကြောင်း သိရသည်။
.
ကလောတပ်မ (၅၅) က အောင်ပန်း ကုတင် (၇၀၀) မှာ Quarantine ဝင်နေတဲ့သူပါ။ အဲဒီကနေ နေပြည် တော် အမှတ် (၂) တပ်မ‌တော်ဆေးရုံကြီးကို ဓါတ်ခွဲပို့စစ်တဲ့အခါမှာ တွေ့တာပါ။ ရခိုင်ပြည်နယ်က ပြန်လာတဲ့သူပါ” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စက်တင်ဘာလ ၂ ရက်၊ ညနေပိုင်းတွင် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများအနေဖြင့်  အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၅၁၀ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၃၇၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၄၁ ခု၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၂၁၅ ခုနှင့် နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၇ ခု စုစုပေါင်း (၁,၁၄၄)ခု အား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ယနေ့ စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၀၅၈ ဦး ရှိလာပြီဖြစ်ပြီး ယင်းတို့အနက် ၆ ဦ သေဆုံး၍ ၃၅၉ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats