COVID-19 အတည်ပြုလူနာ အသစ် ၂၀၃ ဦး ထပ်မံတွေ့ရှိ၊ဆီဆိုင်မြို့နယ်မှ တစ်ဦး ပါ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ အသစ် ၂၀၃ ဦး ထပ်မံတွေ့ရှိ၊ဆီဆိုင်မြို့နယ်မှ တစ်ဦး ပါ


COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၂၀၃ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (စက်တင်ဘာလ ၁၅ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ခဲ့ပြီး ယင်း လူနာများအနက် ဆီဆိုင်မြို့နယ်မှ တစ်ဦး ပါဝင်​ကြောင်း သိရသည်။
.
 
" ဆီဆိုင်မြို့နယ်၊ ဆိုက်​ခေါင်က ၁ ​ယောက် ပါတယ်။ ရန်ကုန်၊ သင်္ဃန်းကျွန်း မြို့နယ်က လာတယ်လို့ သိရတယ်။ ၁ ရက်​နေ့ လိုင်းကားနဲ့ လာပြီး ၂ ရက်​နေ့ မနက်မှာ ​တောင်ကြီးကို ​ရောက်တယ်။ ပြီး​တော့ သူ ​နေတဲ့ ​နေရာကို သွားပြီး အိမ်မှာပဲ Quarantine ထားလိုက်တယ်။ ပြီးခဲ့တဲ့ တနင်္ဂ​နွေက ဓါတ်ခွဲနမူနာ ယူပြီး ဒီ​နေ့ အ​ဖြေ ထွက်တာ​ပေါ့ " ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ​ဒေါက်တာ ဇဝနကိုက က​မ္ဘောဇတိုင်းသို့ ​ပြောသည်။
.
အဆိုပါ အတည်ပြု လူနာများ၏ အ​သေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိ​သေးဘဲ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာနများ၊ ပြည်သူ့​ဆေးရုံများတွင် ဓါတ်ခွဲ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာများအနက် ၂၀၃ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်​ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (စက်တင်ဘာလ ၁၅ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၅၀၂ ဦး ရှိကာ၊ ယင်းအနက် ၃၅ ဦး သေဆုံး၍ ၈၃၂ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်​ကြောင်း သိရသည်။

Journal Download

Photo of three cats