ကမ္ဘောဇတိုင်း
.
COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ အသစ် ၅ ဦး ထပ်မံတွေ့ရှိကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ယနေ့ စက်တင်ဘာလ ၁ ရက်၊ နံနက် ၈ နာရီအချိန်တွင်
ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
ဩဂုတ်လ ၃၁ ရက် ညပိုင်း ဓါတ်ခွဲစစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)
(NHL)မှ ဒုတိယအသုတ်
ဓာတ်ခွဲ နမူနာ ၃၅၆ ခု၊
နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၅၅
ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ လူနာအသစ် ၅ ဦး ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဓါတ်ခွဲအတည်ပြုလူနာအသစ် ၅ ဦးနှင့် ယမန်နေ့ ဩဂုတ်လ ၃၁
ရက်၊ ည ၈ နာရီအချိန် ထုတ်ပြန်ချက်ပါ လူနာ အသစ် ၉၅ ဦး၊ စုစုပေါင်း ၁၀၀ ဦးတို့နှင့် ပတ်သက်သည့်
သတင်းအချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
သို့ဖြစ်၍ ယနေ့ စက်တင်ဘာလ ၁ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၈၈၇ ဦး ရှိလာပြီဖြစ်ပြီး ယင်းတို့အနက် ၆ ဦး သေဆုံး၍
၃၅၄ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။
.