ခွန်သန်းအောင်
.
ကလောမြို့၊
ရွာငံမြို့နှင့် ပင်လောင်းမြို့များရှိ မြို့ဝင်/ထွက်များ၌ COVID-19 ကြိုတင်ကာကွယ်
တားဆီးရေး စစ်ဆေးရေးဂိတ်များနှင့် ကလောမြို့ရှိ Facility Quarantine အား ဩဂုတ်လ ၄
ရက်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ယင်း ထောက်ပံ့ပေးအပ်ခြင်း
အခမ်းအနားကို ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့ခြင်း
ဖြစ်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင်
ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ထောက်ပံ့ငွေ၊
ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ စားသောက်ကုန်များကို မြို့နယ်အလိုက်
တာဝန်ရှိသူများထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ်အတွင်းရှိ
COVID-19 ကြိုတင်ကာကွယ် တားဆီးရေး စစ်ဆေးရေးဂိတ်များကို ဇွန် လဆန်းပိုင်းတွင်
ဖြုတ်သိမ်းခဲ့ပြီးနောက် ဩဂုတ်လ ၂၄ ရက်တွင် စစ်ဆေးရေးဂိတ်များအား ပြန်လည်
ဖွင့်လှစ်၍ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။