COVID-19 ကြိုတင် ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်ရှိ အောင်မြေဘုံစံ သာမဏေကျော် ကျောင်းတိုက်အား ယနေ့ (စက်တင်ဘာလ ၂၅ ရက်)၊ ညနေပိုင်းမှ စတင်၍ Lockdown ပြုလုပ်ထားကြောင်း သိရသည်။
.
“ ကျောင်းတိုက်က သံဃာတွေလည်း အပြင်ကို မကြွဘူး၊ အပြင်က သူတွေကိုလည်း ကျောင်းထဲကို ပေး မဝင်တော့ဘူးပေါ့။ ရောဂါပိုးကို မဖြစ်ခင် ကာကွယ်တဲ့ သဘောပါပဲ။ အစိုးရကလည်း မလိုအပ်ရင် အပြင်မထွက်ရဘူးလို့ ထုတ်ပြန်ထားတော့ အဲဒါကို လိုက်နာတဲ့ သဘောလည်း ပါတာပေါ့။”ဟု အောင်မြေဘုံစံသာမဏေကျော် ကျောင်းတိုက်မှ ဦးပညာစက္ကလင်္ကာရက ကမ္ဘောဇတိုင်းသို့ မိန့်သည်။
.
ထို့အတူ ကျောင်းတိုက်အတွင်းရှိ စာသင်သား သံဃာတော်များအား ဆက်သွယ်လို၍ ဖြစ်စေ၊ အခြားသော Lockdown ကာလအတွင်းကျောင်းတိုက်သို့ ဆွမ်းဆန်၊ ဆွမ်းဟင်း၊ လှူဒါန်းမှု ကိစ္စများအတွက် ဆရာတော် ဦးပညာစက္ကလင်္ကာရ ဖုန်း ၀၉၂၅၀၈၈၈၈၆၈ သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
.
အဆိုပါ အောင်မြေဘုံစံ သာမဏေကျော် ကျောင်းတိုက်ကို ယခင် COVID-19 ပထမလှိုင်းအတွင်းက ပထမအကြိမ် Lockdown ပြုလုပ်ခဲ့ပြီး ကူးစက်မှု ငြိမ်သက်လာသဖြင့် ပြန်လည်ဖြေလျော့ခဲ့ပြီးနောက် ယခုတွင် ဒုတိယအကြိမ်အဖြစ် Lockdown ထပ်မံ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
.