ရှမ်းပြည်နယ်တွင် COVID-19 ကာလအတွင်း၌ ကုန်သွယ်မှု ပမာဏ ဒေါ်လာ သန်းပေါင်း ၁၀၀ ကျော် လျော့နည်းခဲ့ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တွင် COVID-19 ကာလအတွင်း၌ ကုန်သွယ်မှု ပမာဏ ဒေါ်လာ သန်းပေါင်း ၁၀၀ ကျော် လျော့နည်းခဲ့ရ

စုလှိုင်

.

ရှမ်းပြည်နယ်တွင် COVID-19 ကပ်ရောဂါ ကာလအတွင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာသန်းပေါင်း ၁၀၇ ဒသမ ၆၄၆ လျော့နည်းခဲ့ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်တွင် ၂၀၁၉ ခုနှစ် ဧပြီလမှ သြဂုတ်လအထိ ကုန်သွယ်မှု ပမာဏ စုစုပေါင်း ဒေါ်လာသန်းပေါင်း ၁၅၄၀ ဒသမ ၇၈၆ ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလမှ သြဂုတ်လအထိ ကုန်သွယ်မှု ပမာဏ ဒေါ်လာသန်းပေါင်း ၁၄၃၃ ဒသမ ၁၄ ဖြစ်၍ COVID-19 ကပ်ရောဂါ ကာလအတွင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာသန်းပေါင်း ၁၀၇ ဒသမ ၆၄၆ လျော့နည်းသွားခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးမှ သိရသည်။

 


ထို့အတူ ရှမ်းပြည်နယ်တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလမှ ဩဂုတ်လကုန်အထိ ပို့ကုန် သွင်းကုန်ပမာဏ ဒေါ်လာသန်းပေါင်း ၈၂၉ ဒသမ ၇၆၈ ရရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဩဂုတ်လကုန်အထိ ဒေါ်လာသန်းပေါင်း ၆၅၁ ဒသမ ၇၃၅ သာ ရရှိသဖြင့် ဒေါ်လာသန်းပေါင်း ၁၇၈ ဒသမ ၀၃၃ သန်း လျော့နည်းခဲ့ကြောင်းလည်း သိရသည်။

.

ရှမ်းပြည်နယ်အတွင်းတရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်မှု မရှိစေရေးအတွက် တရားမဝင် ကုန်ပစ္စည်းများ တားဆီးထိန်းချုပ်ရေးအထူး အဖွဲ့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၅ ရက်စွဲပါ စာအမှတ် ၁၅၂၆၀/-၂၁၆ / အစရ(ရှမ်း)ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

.

အဆိုပါ အထူးအဖွဲ့ အနေဖြင့် တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်မှု မရှိစေရေးအတွက် သတ်မှတ် ပြဌာန်းထားသော ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်ခြင်းမရှိသည့် ကုန်ပစ္စည်း တင်ပို့ခြင်း၊ တင်သွင်းခြင်းများကို တည်ဆဲ ဥပဒေများ၊ အမိန့်ညွန်ကြားချက်များနှင့် အညီ ကြီးကြပ် ဆောင်ရွက်ခြင်း၊ တရားမဝင် ဆောင်ရွက်နေမှုများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စစ်ဆေးတားဆီး ဖမ်းဆီး ဆောင်ရွက်လျက်ရှိသည့် အပြင် အကောက်ခွန် ဦးစီးဌာနဖြင့် COVID- 19 ကာလ အတွင်း နိုင်ငံတော်၏ အခွန်ငွေ ရရှိမှု မလျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats