ရွာငံမြို့နယ်၊ ကျောက်တော (မ) ကျေးရွာတွင် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း မြေသားလမ်း ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်း ပြီးစီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံမြို့နယ်၊ ကျောက်တော (မ) ကျေးရွာတွင် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း မြေသားလမ်း ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်း ပြီးစီး


ငြိမ်းသူ
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျောက်တော (မ) ကျေးရွာအတွင်း Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြေသားလမ်း ပြုပြင်ခြင်းနှင့် ဗြုန်းကျောက်ခြင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
.

.
အဆိုပါ ကျောက်တော (မ) ကျေးရွာ မြေသားလမ်း ပြုပြင်ခြင်းနှင့် ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်းမှာ အရှည် ၆၁၅၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၃ လက်မရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Cash for Work စီမံကိန်း ရန်ပုံငွေကျပ် သိန်း ၁၀၀ ဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အင်ဂျင်နီယာများ၏ နည်းပညာအကူအညီဖြင့် ကျေးရွာသူ/ကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
Cash for Work စီမံကိန်းမှာ COVID-19 ကာလ စီးပွားရေးကုစားမှု အစီအစည်အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ရန်ပုံငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ပြီး ကျေးရွာလူထု ပါဝင်ဆောင်ရွက်သူ အားလုံးကို လုပ်အားခ ပေါက်ဈေးအတိုင်း ပေးချေ၍ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရွာငံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးသိန်းမြတ်ထိုက် ထံက သိရသည်။
.

Journal Download

Photo of three cats