COVID-19 လူနာအမှတ်(၁၅၉၂)သည် ဟိုပုံးမြို့မှ ဖြစ်ပြီး ပြည်ပသို့ သွားရောက်ရန် ကျန်းမာရေး စစ်ဆေးစဉ် ပိုးတွေ့ခြင်း ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 လူနာအမှတ်(၁၅၉၂)သည် ဟိုပုံးမြို့မှ ဖြစ်ပြီး ပြည်ပသို့ သွားရောက်ရန် ကျန်းမာရေး စစ်ဆေးစဉ် ပိုးတွေ့ခြင်း ဖြစ်


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ ၈ ရက်၊ နေ့လယ် ၂ နာရီက ထုတ်ပြန်ခဲ့သည့် COVID-19 လူနာတွေ့ရှိမှု စာရင်းတွင် ပါရှိသည့် လူနာအမှတ် (၁၅၉၂)သည် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ အနောက်ရပ်ကွက်မှ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး ထိုင်းနိုင်ငံသို့ သွားရောက်ရန်အတွက် ရန်ကုန်မြို့၌ ကျန်းမာရေး စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
.

“ ဟိုပုံးမြို့၊ အနောက်ရပ်ကွက်၊ နယ်မြေ(၆)က ဖြစ်ပါတယ်။ စက်တင်ဘာလ ၃ ရက်မှာ ထောက်ခံချက် (နေထိုင်ကြောင်း) လာ ယူတယ်။ သူ မိသားစုဝင်က ၆ ယောက်လောက် ရှိတယ်။” ဟု ဟိုပုံးမြို့၊ အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။
.
ထို့အတူ ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက “ ရန်ကုန်ကနေ ဩဂုတ်လ ၃၀ ရက်နေ့မှာ အိမ်ကားနဲ့ ပြန်လာပြီးတော့ ဟိုပုံးမှာ နေတယ်၊ စက်တင်ဘာလ ၅ ရက်နေ့ကြတော့ လေယာဉ်နဲ့ ရန်ကုန်ကို ပြန်သွားတယ်။ လူနာကို မေးကြည့်တော့ လမ်းမှာ ဝင်တာလည်း မရှိဘူး၊ ဟိုပုံးက သူ့အိမ်မှာပဲ နေတာလို့ ပြောတယ်။ ဆက်စပ်တဲ့သူကတော့ မိသားစု ရှိမယ်၊ လေယာဉ် အတူ စီးတဲ့သူတွေ ရှိမယ်။” ဟု အတည်ပြုသည်။
.
အဆိုပါလူနာနှင့် ဆက်စပ်သူမှာ ဟိုပုံးမြို့၌ စုစုပေါင်း ၁၁ ဦးခန့် ရှိပြီး ၎င်းတို့အား အသွားအလာ ကန့်သတ်၍ လူနာ၏ နေအိမ်အား Lockdown ပြုလုပ်ထားကြောင်း ဟိုပုံးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

Journal Download

Photo of three cats