ရှမ်းပြည်နယ်အတွင်းရှိ မြို့များအားလုံးတွင် ညမထွက်ရအမိန့် ၂ လ ထပ်တိုးထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်းရှိ မြို့များအားလုံးတွင် ညမထွက်ရအမိန့် ၂ လ ထပ်တိုးထုတ်ပြန်

ကိုစိုး (ကမ္ဘောဇတိုင်း)

.

ရှမ်းပြည်နယ်အတွင်းရှိ မြို့များအားလုံးတွင် ည ၁၂ နာရီမှ နောက်တစ်ရက် နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်အား ၂ လ ထပ်မံတိုးမြှင့် ထုတ်ပြန်ထားသည်ဟု သိရသည်။

.

.

ပုံမှန်အတိုင်းပါပဲ။ ၂ လ ထပ်တိုးပါတယ်။ အခု COVID-19 ရောဂါကလည်း ပြန့်ပွားနေတယ်။ အရှိန်လည်း မြင့်နေတဲ့ အတွက် လူထုကို တတ်နိုင်သမျှ အပြင် မထွက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ အိမ်ထဲမှာ နေတာ အကောင်းဆုံးပါပဲ။ အတိုင်းအတာ တစ်ခုအထိ ကန့်သတ်တဲ့ သဘောပါပဲ။ နိုဝင်ဘာလ အထိပါ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အတူ နေ့စဉ် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ Curfew အမိန့်အား ဆက်လက် ထားရှိမည် ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် မိမိနေအိမ် အတွင်း နေထိုင်ခြင်း၊ လူစုလူဝေးဖြင့် ကျင်းပပြုလုပ်သည့် ပွဲလမ်းသဘင်၊ အခမ်းအနား ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Mask တပ်ခြင်း၊ လက်ကို စနစ်တကျဆေးခြင်း၊ Social Distancing အား တိတိကျကျ လိုက်နာခြင်းတို့အား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်မှု မရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်က ထုတ်ပြန်ကြေညာထားသည်။

.

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ညမထွက်ရ အမိန့်များကို ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်မှ စတင်၍ အဆင့်ဆင့် ထုတ်ပြန် ကြေညာထားခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးအကြိမ်အဖြစ် ဇူလိုင်လ ၁၅ ရက်မှ စက်တင်ဘာလ ၁၄ ရက်အထိ ၂ လ ထပ်တိုး ကြေညာထားရာမှ ယခုအခါ စက်တင်ဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၁၄ ရက်အထိ ၂ လ ထပ်မံတိုးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats