.
ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဟဲဟိုး-တောင်လေးလုံး အဆင်းလမ်းရှိ မိုင်တိုင်အမှတ် ၉၈/၅ နှင့် ၉၈/၆ အကြား၊ ပြည်ထောင်စုလမ်းမ ညာဘက် ချောက်အတွင်းသို့ စက်တင်ဘာလ ၂၃ ရက်၊ နေ့လယ်ပိုင်းက တွဲကားယာဉ် တစ်စီး ပြုတ်ကျခဲ့သဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
ပဲခူးမြို့နေ ယာဉ်မောင်း ကိုအောင် မောင်းနှင်၍ ဖျာပုံမြို့နေ ယာဉ်နောက်လိုက် ကိုဝင်းမိုးထက် လိုက်ပါစီးနင်းလာသည့် ဓါတ်မြေဩဇာများ တင်ဆောင်လာသော ၂၂ ဘီးတွဲကားယာဉ်သည် မိုင်တိုင်အမှတ် ၉၈/၅ နှင့် ၉၈/၆ အကြား၊ ပြည်ထောင်စုလမ်းမ ညာဘက် ချောက်အတွင်းသို့ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ မော်တော်ယာဉ် ချောက်အတွင်း ပြုတ်ကျမှုကြောင့် ဒဏ်ရာများ ရရှိ၍ ဟဲဟိုးဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုပေးလျက် ရှိပြီး ယာဉ်နောက်တွဲမှာ ရွှေညောင်-သာစည် မီးရထားလမ်းပေါ်သို့ တင်နေသဖြင့် မီးရထား သွားလာမှုအား ခေတ္တ ပိတ်ထားကြောင်း သိရသည်။