COVID-19 ပိုးတွေ့လူနာ ၂၀၁ ဦး ထပ်တိုးပြီး ၂၇၉၆ ဦး ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုးတွေ့လူနာ ၂၀၁ ဦး ထပ်တိုးပြီး ၂၇၉၆ ဦး ရှိလာ

ကမ္ဘောဇတိုင်း

.

COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂၀၁ ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း ပို့တွေ့လူနာ ၂၇၉၆ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ စက်တင်ဘာလ ၁၃ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။

.

.

စက်တင်ဘာလ ၁၂ ရက်၊ ညနေပိုင်းတွင် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ ၁၀၀၅ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၈၈ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၂၉၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၇၅ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၂၁ ခု၊ ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ ၁ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁၆၉၇ ခုတို့အား စစ်ဆေးပြီးစီးခဲ့ရာ အတည်ပြုလူနာ အသစ် ၂၀၁ ဦး ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

.

သို့ဖြစ်၍ ယနေ့ စက်တင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၇၉၆ ဦး ရှိပြီဖြစ်ပြီး ယင်းတို့အနက် ဆေးရုံဆင်းခွင့်ရသူ ၆၇၆ ဦးနှင့် သေဆုံးသူ ၁၆ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats