ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော
COVID-19
ရောဂါ ဓါတ်ခွဲအတည်ပြု လူနာအမှတ် (၆၅၂) သည် ရောဂါမှ ပြန်လည်သက်သာလာသဖြင့်
ယနေ့ စက်တင်ဘာလ ၁၂ ရက်၊ နေ့လယ်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။
.
.
လူနာအမှတ် (၆၅၂) သည် တောင်ကြီးမြို့၊
ညောင်ဖြူစခန်းရပ်ကွက်နေ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ၎င်းသည် ဩဂုတ်လဆန်းပိုင်းက
လူနာအမှတ် (၄၇၇) နှင့်အတူ ရန်ကုန်မြို့သို့ မော်တော်ယာဉ်ဖြင့် အတူ
သွားရောက်ခဲ့သူဖြစ်ကာ ဩဂုတ်လ ၁၆ ရက်တွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့မှ
တောင်ကြီးသို့ ပြန်လည် ရောက်ရှိလာသူဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဩဂုတ်လ
၂၉ ရက်၊ နံနက် ၈ နာရီအချိန် သတင်းထုတ်ပြန်ချက်တွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာအဖြစ်
ပါရှိခဲ့သူဖြစ်ကြောင်း သိရသည်၊။
.
အဆိုပါ လူနာအမှတ် (၆၅၂) သည် ၎င်း၏ နေအိမ်တွင် Home Quaraninte ၇ ရက် ထပ်မံ
နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
.