တောင်ကြီးမြို့၊ ဟော်ကုန်းရပ်ကွက်ရှိ ရွှေလှော်လုပ်ငန်းတစ်ခုအား ပြောင်းရွှေ့ပေးရန် ခရိုင်ထွေအုပ်ရုံးသို့ တိုင်ကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ဟော်ကုန်းရပ်ကွက်ရှိ ရွှေလှော်လုပ်ငန်းတစ်ခုအား ပြောင်းရွှေ့ပေးရန် ခရိုင်ထွေအုပ်ရုံးသို့ တိုင်ကြား

မင်းမင်း

.

တောင်ကြီးမြို့၊ ဟော်ကုန်းရပ် ကွက် အတွင်းရှိ ရွှေလှော်လုပ်ငန်း တစ်ခုမှ ရေမြောင်း အတွင်းသို့  ဓါ တုစွန့်ပစ်ရည်များ စွန့်ပစ်ခြင်းနှင့် လေ ထု ညစ်ညမ်းမှုများ ဖြစ်ပေါ်နေသည့် အတွက် ယင်း ရွှေလှော်လုပ်ငန်းအား ရွှေ့ပြောင်းပေးရန် ရှင်သန်ကမ္ဘာမြေ အစိမ်းရောင် ကွန်ရက်မှ တောင်ကြီး ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနသို့ တိုင်ကြားစာ ပေးပို့ထားသည် ဟု သိရသည်။

.

.

“ရွှေလှော်တဲ့အခါမှာ သုံးတဲ့ ဓါတု ပစ္စည်းတွေရဲ့ အခိုးအငွေ့တွေက ပတ် ဝန်းကျင်ကို ပျံ့လွင့်နေတာ နှစ်ပေါင်း အ‌တော် ကြာပါပြီ။ ဒီလုပ်ငန်းတွေက အေးသာယာမှာ ပြောင်းရွှေ့ရမှာပါ။ တောင်ကြီးမြို့မှာ လေထုသန့်စင်မှု ကလည်း နည်းလာတယ်။ အရင်က တည်းက ပြည်သူလူထုက အခိုးအငွေ့ ထွက်တယ်။ အက်ဆစ်ပြာ တွေထွက် တယ်။ အက်ဆစ်ရည်တွေ စီးနေပါ တယ်ဆိုပြီး ရပ်ကွက်ကနေ အဆင့် ဆင့် တင်ပြခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒါကြောင့် ကျွန်မတို့က ခရိုင် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနကို စာတင် လိုက်တာပါ။ ကော်မတီဖွဲ့ပြီး ကွင်း ဆင်းစစ်မယ်လို့တော့ ပြောလာပါ တယ်”ဟု ရှင်သန်ကမ္ဘာမြေ အစိမ်း ရောင်ကွန်ရက်မှ ဒေါ်ချယ်ရီကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ယင်း ရွှေလှော်လုပ်ငန်းမှ စွန့်ပစ် ဓါတုရည်များ စီဝင်းနေမှုကြောင့် ယင်း နေရာ အနီးတွင် ရေမြောင်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေ သည့် အလုပ်သမားများမှလည်း ခြေ ထောက်များ စပ်လာသည့် အတွက် မလုပ်နိုင်ကြောင်း ပြောဆိုမှုများ ရှိ လာပြီး ဆောင်ရွက်ဆဲ ရေမြောင်းများ မှာ ပျက်စီးလာသည့်အတွက် လုပ် ငန်းကို သင့်လျော်သည့်‌ နေရာသို့ ပြောင်းရွှေ့ လုပ်ကိုင်နိုင်ရန် တင်ပြခဲ့ ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

.

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယင်း ရွှေလှော်လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက “သူတို့တိုင်ထားသလို မီးခိုး ခေါင်းတိုင်ကနေ အငွေ့တွေကိုလေ ထဲ တိုက်ရိုက်ထုတ်လွှင့်တယ်ဆိုတာ မဟုတ်ပါဘူး။ အလုံပိတ် အခန်းထဲ မှာ အရည်အဖြစ် ပြောင်းလဲ ထုတ် လွှင့်တာပါ။ ရွှေလှော်လုပ်ငန်း လုပ် ကိုင်လာတဲ့ ၁၉ နှစ်ကျော် ကာလအ တွင်းမှာ အန္တရာယ် ဖြစ်လောက်တဲ့ ထိခိုက်မှုမျိုး မရှိပါဘူး။ သက်ဆိုင် ရာက ဖွဲ့ပေးထားတဲ့ ကော်မတီကို လည်း အချိန်မရွေး လာရောက်စစ် ဆေးနိုင်ပါတယ်လို့ ပြောထားတယ်။ ရွှေတောမှာ သုံးတဲ့ ဆိုင်ယာနိုက်အက် ဆစ်တွေ၊ ခဲတွေ အသုံးပြုတာမျိုး လည်း မရှိပါဘူး”ဟု ပြောဆိုခဲ့သည်။

.

ရှင်သန်ကမ္ဘာမြေ အစိမ်းရောင် ကွန်ရက်မှ ပေးပို့လာသည့်တိုင်ကြား စာအရ တောင်ကြီးမြို့နယ် အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကော်မ တီ ဖွဲ့၍ ကွင်းဆင်း စစ်ဆေးမှုများ ပြု လုပ် သွားမည်ဖြစ်ကြောင်းနှင့် ယင်း ကော်မတီအဖွဲ့ဝင်များမှ ရွှေလှော် လုပ်ငန်း လုပ်ကိုင်သူ၊ ပတ်ဝန်းကျင် အနီးနေထိုင်သူများနှင့် ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများအား စစ်ဆေး မေးမြန်းမှုများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ရွှေလှော်လုပ်ငန်းသည် စည်ပင်သာယာရေး ဌာနမှ လုပ်ငန်း လိုင်စင် လုပ်ပေးပိုင်ခွင့် မရှိသည့် လုပ်ငန်းဖြစ်သည့်အပြင် လေထု ညစ် ညမ်းမှုများ ရှိလာသဖြင့် ရပ်ကွက် နေ ပြည်သူလုထုများမှ အခြား သင့် လျော်သည့် နေရာတွင် ပြောင်းရွှေ့ လုပ်ကိုင်စေလိုကြခြင်း ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats