တရားမဝင် စားသောက်ကုန်နှင့် အရက်၊ ဘီယာများ ဝင်ရောက်မှု မရှိစေရေးအတွက် ပုံမှန် စစ်ဆေးမှုများ ပြုလုပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရားမဝင် စားသောက်ကုန်နှင့် အရက်၊ ဘီယာများ ဝင်ရောက်မှု မရှိစေရေးအတွက် ပုံမှန် စစ်ဆေးမှုများ ပြုလုပ်နေ

စုလှိုင်

.

ပြည်ပမှ တရားမဝင် စားသောက်ကုန်နှင့် အရက်၊ ဘီယာများ တင်သွင်းမှု မရှိစေရေးအတွက် ကုန်သွယ်ရေး လမ်းကြောင်းများ၊ စစ်ဆေးရေး စခန်းများတွင် ပုံမှန် စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း ရှမ်းပြည်နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ သိရသည်။

.

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်  ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း ၊ မန့်ဝိန်းစစ်ဆေးရေးစခန်း၊ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန် ၊ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း၊ လားရှိုးမြို့နယ် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ကင်းအဖွဲ့တို့ဖြင့် ကြပ်မတ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

.


ထို့အတူ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် တာချီလိတ် အမှတ်(၂)ချစ်ကြည်ရေး တံတား ၊ တာချီလိတ် ကုန်သွယ်ရေးစခန်း၊ ကျိုင်းတုံစစ်ဆေးရေးစခန်း၊ တာကော်တံတား စစ်ဆေးရေးစခန်း၊ လွိုင်လင် ကင်းစခန်း ၊ တောင်ကြီး ၄ မိုင်(သစ်တောဂိတ်) စစ်ဆေးရေးစခန်းတို့တွင်လည်း ကြပ်မတ် ဆောင်ရွက်နေကြောင်း သိရသည်။

.

ယင်းကဲ့သို့ ကြပ်မတ် ဆောင်ရွက်ရာတွင် ပြည်ပမှ တရားမဝင် တင်သွင်းလာသည့် အရက် ၊ ဘီယာများအား တရားမဝင် သယ်ဆောင်မှု မရှိစေရေးနှင့် တရားမဝင် ကုန်စည် စီးဆင်းမှု သတင်းများ ရရှိရေးအတွက်  စောင့်ကြည့် အဖွဲ့များ ထားရှိခြင်း ၊ အမာခံသတင်းပေးများ စည်းရုံးထားရှိခြင်း၊ မိတ်ဖက်ဌာနဆိုင်ရာ အဖွဲ့အစည်း များနှင့် အပြန်အလှန် သတင်းဖလှယ်မှုများ ဆောင်ရွက်ခြင်း ၊ ရှောင်တခင် စစ်ဆေးခြင်းတို့ ဖြစ်ကြောင်း ရှမ်းပြည်နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးမှ သိရသည်။

.

ရှမ်းပြည်နယ် အတွင်း၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ ဩဂုတ်လအတွင်း၌ ငွေကျပ်သန်းပေါင်း ၅၉၀၀ ကျော် တန်ဖိုးရှိ တရားမဝင် စားသောက်ကုန်များကို ဖမ်းဆီးနိုင်ခဲ့ပြီး ယင်းအနက် အရက်၊ ဘီယာ ဖမ်းဆီး ရရှိမှု ၉ မှု ရှိ၍ ခန့်မှန်း တန်ဖိုးငွေ ကျပ်သန်းပေါင်း ၉ ဒသမ ၇၅၂ ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats