မိုင်းကိုင်မြို့နယ် စံပေါင်းကျေးရွာရှိ ခိုရွက်တံတား တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းကိုင်မြို့နယ် စံပေါင်းကျေးရွာရှိ ခိုရွက်တံတား တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီး

ငြိမ်းသူ

.

လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်း ကျေးရွာအုပ်စု၊ စံပေါင်း ကျေးရွာရှိ ခိုရွက်တံတား တည် ဆောက်မှု ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

.

.

အဆိုပါ တံတား တည်ဆောက် ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုး ရေး စီမံကိန်း (VDP) ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းက စတင်အကောင် အထည်ဖော် ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ခိုရွက်တံတားသည် ယခင်က သစ်သားတံတား ဖြစ်ပြီး အများပြည် သူ ဖြတ်သန်းသွားလာရန် အခက်အ ခဲများ ဖြစ်ပေါ်နေသဖြင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှင့် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း ခွင့်ပြုငွေ ကျပ် သိန်း ၁၀၀ ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တံတားအတိုင်းအတာများ အနေဖြင့် အလျား ၁၈ ပေ၊ အကျယ် ၁၄ ‌ပေ၊ အမြင့် ၁၂ ပေရှိ ကွန်ကရစ် တံတား အမျိုးအစား ဖြစ်သည်။

.

တံတား တည်ဆောက်ရာတွင် မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင် နီယာများ၏ နည်းပညာ အကူအညီ ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့ သို့ တံတား တည်ဆောက်မှု ပြီးစီးခဲ့ ပြီဖြစ်သောကြောင့် စံပေါင်းကျေးရွာ အပြင် အနီးပတ်ဝန်းကျင်ရှိ ကုန်း ညောင်၊ ဖာစားနှင့် လုံစံကျေးရွာမှ ဒေသခံများအတွက် လမ်းပန်း ဆက် သွယ်ရေး အထောက်အကူပြုစေမည် ဖြစ်ကြောင်း မိုင်းကိုင်မြို့နယ် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦး စီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦး ကျော်လင်းအောင်ထံက သိရသည်။

.

Journal Download

Photo of three cats