စုလှိုင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ဇောတိကကျေးရွာ၊ အမှတ် (၃၅၅) အမြောက်တပ်ရင်းရှေ့တွင်
ယနေ့ စက်တင်ဘာလ ၃၀ ရက်၊ နေ့လယ်ပိုင်းက မော်တော်ဆိုင်ကယ် ၂ စီး တိုက်မိရာမှ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း
သိရသည်။
.
.ရွာငံမြို့နယ်၊ မြေနီကုန်းကျေးရွာနေ သားတိုး မောင်းနှင်ပြီး
နောက်တွင် ရွာငံမြို့နယ်၊ ညောင်ကုန်းကျေးရွာနေ ညိုထွေး လိုက်ပါစီးနင်းလာသော မော်တော်ဆိုင်ကယ်သည်
စက်တင်ဘာလ ၃၀ ရက်၊ နေ့လယ် ၁ နာရီခန့်က အောင်ပန်း-ပင်မှီ သွားလမ်းအတိုင်း မြောက်မှ တောင်သို့
မောင်းနှင်လာစဉ် အမြောက်တပ်ရင်းရှေ့၊ မိုင်တိုင်အမှတ် ၂ ကီလိုမီတာနှင့်
၃ ကီလိုမီတာအကြား အရောက်တွင် ယာဉ်ကြောမရှင်းဘဲ ချိုးကွေ့ရာ အနောက်မှ လားရာတူ အောင်ပန်းမြို့၊
ဇောတိကျေးရွာနေ ကျော်မင်း မောင်းနှင်ပြီး ခင်ဇော်သက် လိုက်ပါစီးနင်းလာသည့် မော်တော်
ဆိုင်ကယ်နှင့် ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုကြောင့် သားတိုးတွင် ဝဲဘက်ခြေသလုံး
ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ပေါင် ဖူးရောင်နာကျင်ဒဏ်ရာ၊ ယာခြေသလုံး ပွန်းပဲ့ ဒဏ်ရာ (စိုးရိမ်ရ)၊
ညိုထွေးတွင် ဝဲဘက်ရင်ဘတ် ပွန်းပဲ့ဒဏ်ရာ၊ ဝဲဘက်လက်ခုံ ပွန်းပဲ့ဒဏ်ရာ၊ ဝဲဘက်ခြေသလုံး
ဖူးရောင်နာကျင်ဒဏ်ရာ (စိုးရိမ်ရ)၊ ကျော်မင်းတွင် ဝဲဘက်ဒူး ပေါက်ပြဲဒဏ်ရာ၊
ယာဘက်နားအောက် ပွန်းပဲ့ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) နှင့်
ခင်သက်ဇော်တွင် ယာဘက်လက်ခုံ ပေါက်ပြဲဒဏ်ရာ၊ ယာဘက်ခြေဖမိုး ပေါက်ပြဲဒဏ်ရာ
(မစိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုမှ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး လမ်း၏ လက်ဝဲဘက်သို့
နောက်ယာဉ်ကြောမရှင်းဘဲ ချိုးကွေ့စဉ် တိုက်မိသဖြင့် မိမိနှင့် အခြားသူများအား ဒဏ်ရာရရှိစေသူ
ယာဉ်မောင်း သားတိုး အား အောင်ပန်းနယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၅၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ
၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.