မိုင်းဆတ်အကျဉ်းထောင်မှ ပြစ်ဒဏ်ကျ အကျဉ်းသားများအား လျှော့ရက်များ ခံစားခွင့်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဆတ်အကျဉ်းထောင်မှ ပြစ်ဒဏ်ကျ အကျဉ်းသားများအား လျှော့ရက်များ ခံစားခွင့်ပြု

မင်းဇော်မင်း
.
မိုင်းဆတ်မြို့ရှိ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများအား ခရိုင်အုပ်ချုပ်ရေးမှူးမှ စက်တင်ဘာလ ၂၂ ရက်က ဝင်ရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး​နောက် လျှော့ရက်များ စိစစ် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ လျှော့ရက်များ ပေးနိုင်ရန်အတွက် မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်သည် တာဝန်ရှိသူများ လိုက်ပါလျက် ထောင်အတွင်း ပြစ်ဒဏ်ကျ အကျဉ်းသူ/အကျဉ်းသားများအား ကြည့်ရှု စစ်ဆေးပြီး အကျဉ်းဦးစီးဌာန၏ စည်းကမ်းများ လိုက်နာ နေထိုင်ကြရန် အားပေးစကား ပြောကြားကာ စားဖိုဆောင်နှင့် ရေသန့်စက်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
.
“ အကျဉ်းဦးစီးဌာန ညွှန်ချုပ်ရယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးရယ်၊ ထောင်ပိုင်ရယ်က အထူးလျှော့ရက်ပေးခွင့် ရှိပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးဆိုရင် အများဆုံး ၇ ရက်၊ အနည်းဆုံး ၃ ရက် ပေးခွင့်ရှိပါတယ်၊ ပုံမှန်ပါ။ စည်းကမ်းကောင်းတာ စတဲ့ အချက် ၇ ချက်အပေါ်မှာ ပေးတာပါ။ ၃ လကို တစ်ကြိမ် ပေးတာပါ” ဟု ထောင်ပိုင်ကြီး ဦးမြင့်ဌေးက ကမ္ဘောဇတိုင်းသို့ ​ပြောသည်။
.
မိုင်းဆတ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသူ/အကျဉ်းသူများအနက် ပြစ်ဒဏ် ၁၄ နှစ် အောက်ရှိ အကျဉ်းသူ/ အကျဉ်းသား (က)အဆင့် ၃၈၂ ဦးနှင့် (ဂ) အဆင့် ၃၁ ဦး စုစုပေါင်း ၄၁၃ ဦးကို လျှော့ရက်များ ခံစားခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


Journal Download

Photo of three cats