.
တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် စက်တင်ဘာလ ၁၉ ရက်၊ ညနေပိုင်းက ဖဲရိုက် လောင်းကစား ပြုလုပ်နေသူ ၈ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.
တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖဲရိုက် လောင်းကစားနေကြောင်း သတင်းအရ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျံ(၂)၊ မြို့ပတ်လမ်းအနီးရှိ လယ်စောင့်တဲအား ဝင်ရောက် ရှာဖွေစဉ် လောင်ကစား ပြုလုပ်သည့် ဖဲချပ်များ၊ ထိုင်းဘတ်ငွေများနှင့် ဖဲရိုက် လောင်းကစားသူ ၈ ဦးအား ၎င်းတို့ လောင်းကစား ပြုလုပ်ရန် စီးနင်းလာကြသည့် ဆိုင်ကယ် ၈ စီးတို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖဲရိုက်လောင်းကစားသူများအား ဟောင်လိတ်နယ်မြေရဲစခန်း၌ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။