တောင်ကြီးတွင် အင်တာနက် ဆက်သွယ်ရေးကြိုးများ စနစ်တကျ တပ်ဆင်ထားခြင်း မရှိ၍ လမ်းသွားလမ်းလာများ အခက်အခဲ ဖြစ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် အင်တာနက် ဆက်သွယ်ရေးကြိုးများ စနစ်တကျ တပ်ဆင်ထားခြင်း မရှိ၍ လမ်းသွားလမ်းလာများ အခက်အခဲ ဖြစ်နေ

စုလှိုင်

.

တောင်ကြီးမြို့၊ ဟော်ကုန်းရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် ဝ်စံထွန်းလမ်းထောင့် အနီးတွင် အင်တာနက် ဆက်သွယ်ရေးကြိုးများအား စနစ်တကျ တပ်ဆင်ထားခြင်း မရှိသောကြောင့် လမ်းသွားလမ်းလာများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

.


 

“ Wifi ကြိုးတွေက တပ်ပြီး အပုံလိုက် လာ ချထားတယ်။ လမ်းသွားလမ်းလာတွေလည်း ခလုတ်တိုက်။ အိမ်ရှေ့ မှာလည်း ကြိုးတွေက တန်းလန်း ပြုတ်ကျနေတာ။ ကြိုးတွေက များနေတော့ MPT လား Mytel လား ဘယ်ကမှန်းတော့ မသိဘူး။ ကြိုးတွေက ရူတ်ပြီး မလွတ်မလပ်နဲ့မို့ ဘယ်သူတွေကို ပြောရမှန်း မသိဘူး။” ဟု ဟော်ကုန်းရပ်ကွက်နေ ဒေသခံ အမျိုးသမီး တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ယင်း ဘုရင့်နောင်လမ်းနှင့် ဝ်စံထွန်းလမ်းထောင့် အနီးတွင် အင်တာနက် ဆက်သွယ်ရေး ကြိုးများအား စနစ်တကျ တပ်ဆင်ထားခြင်း မရှိဘဲ လျော့ကျနေသည့်အပြင် လမ်းပေါ်တွင် စုပုံထားခြင်းကြောင့် ယာဉ်ကြော ကြပ်တည်းမှုများနှင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ ရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

.


 

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနသို့ ဆက်သွယ် မေးမြန်းရာတွင် စည်ပင်သာယာရေးဌာနနှင့် သက်ဆိုင်ခြင်း မရှိဘဲ ဆက်သွယ်ရေးဌာနနှင့်သာ သက်ဆိုင်ကြောင်း ပြောဆိုခဲ့သည့်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရှမ်းပြည်နယ် မန်နေဂျာရုံးသို့ ဆက်သွယ်ရာတွင် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိချေ။

.

တောင်ကြီးမြို့ပေါ်တွင် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများ အဖြစ် MPT ၊ Telenor ၊ Ooredoo ၊ Mytel ၊ MBT ၊ Welink စသည့် လုပ်ငန်းများ တည်ရှိသော်လည်း ယခု စနစ်တကျ တပ်ဆင်ထားခြင်း မရှိသည့် အင်တာနက် ဆက်သွယ်ရေးကြိုးများမှာ မည်သည့် လုပ်ငန်းမှ ဖြစ်သည်ကို မသိရသေးပေ။

.

Journal Download

Photo of three cats