ဘော်ဆိုင်းတွင် ခဲသတ္တုချော် တူးဖော်နေသူ အမျိုးသား ၃ ဦး အောက်ဆီဂျင် ပြတ်၍ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဘော်ဆိုင်းတွင် ခဲသတ္တုချော် တူးဖော်နေသူ အမျိုးသား ၃ ဦး အောက်ဆီဂျင် ပြတ်၍ သေဆုံး

မင်းဇော်မင်း

.

ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာတွင် စက်တင်ဘာလ ၂၈ ရက်၊ ညနေပိုင်းက ခဲသတ္တုချော် တူးဖော်သူ အမျိုးသား ၃ ဦး တွင်းအတွင်းအောက်ဆီဂျင်ပြတ်၍ သေဆုံးခဲ့ကြောင်း သိရသည်။

.


 

ဘော်ဆိုင်းကျေးရွာ၊ ကံသာရပ်ကွက်နေ ဒေါ်နန်းဟောင်၏ မြေကွက်အတွင်းရှိ ခဲသတ္တုတွင်းအတွင်းစက်တင်ဘာလ ၂၈ ရက်၊ ညနေ ၅ နာရီခွဲခန့်က ပင်းတယမြို့၊ ထိုးပုံကျေးရွာနေ သန့်စင် () ဆိုးပေဖိုးကျော် () သန်းထွေး၊ ကျော်မျိုးဦးနှင့် ကျောက်စုကျေးရွာအုပ်စု၊ ဘုရားတိုက်ကျေးရွာနေ ဇော်လင်းမောင်တို့ ၄ ဦးအနက် ၃ ဦးမှာ ချော်တူးနေစဉ် အောက်ဆီဂျင်ပြတ်၍ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ တွင်းမှာ ပေ ၁၀၀ ခန့် အနက် ရှိပြီး ချော်တူးသူ ၄ ဦးအနက် ကျော်မျိုးဦး တစ်ဦးသာ ပြန်တက်လာနိုင်ပြီး ကျန် ၃ ဦးသည် တွင်းအတွင်း အောက်ဆီဂျင်ပြတ်လတ်ကာ သေဆုံးကျန်ရစ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

.

အဆိုပါ သေဆုံးသူများ၏ ရုပ်အလောင်းများအား ဘော်ဆိုင်းတိုက်နယ်ဆေးရုံသို့ သယ်ဆောင် ပေးပို့ကာ ဟဲဟိုးနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၆/၂၀၂၀) ဖြင့် အမှုဖွင့်ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

.

Journal Download

Photo of three cats