နောင်တရား၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော သီးနှံများအတွက် ထောက်ပံ့ငွေပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်တရား၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော သီးနှံများအတွက် ထောက်ပံ့ငွေပေးအပ်

ခွန်အောင်ဟန်

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးသွားသော သီးနှံများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု စီမံကြီးကြပ်ရေးအဖွဲ့မှ စက်တင်ဘာလ ၂၉ ရက်၊ ညနေပိုင်းတွင် ထောက်ပံငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

.


 

နောင်တရားဒေသ၌ ၂၀၁၉ ခုနှစ်အတွင်းက သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော စပါး၊ ခရမ်းချဉ်၊ ကြက်သွန်ဖြူ၊ မုန်လာဥနီ၊ အစေ့ထုတ်ပြောင်းများအတွက် တစ်ဧကလျှင် ၁၀၀၀၀ ကျပ်နှင့် အခြားပဲများအတွက် တစ်ဧကလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ပျက်စီးဆုံးရှုံးခဲ့သည့် စိုက်ပျိုးသီးနှံဧက ၁၇ ဧကအတွက် တောင်သူ ၂၀ ဦးသို့  ထောက်ပံငွေကျပ် ၁၆၀၀၀၀ ကို ကြီးကြပ်ရေးအဖွဲများက တောင်သူ တစ်ဦးခြင်းစီအလိုက် ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ထောက်ပံ့မှုကို နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးကျော်စိုးသူတို့နှင့် တာဝန်ရှိသူများ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats