မိုင်းယောင်းတွင် စားသုံးကုန်နှင့် မုန့်အမျိုးမျိုးကို အိမ်တိုင်ရာရောက် ပို့ဆောင်စနစ်ဖြင့် ရောင်းချသူများ အသင့်အတင့် အဆင်ပြေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းတွင် စားသုံးကုန်နှင့် မုန့်အမျိုးမျိုးကို အိမ်တိုင်ရာရောက် ပို့ဆောင်စနစ်ဖြင့် ရောင်းချသူများ အသင့်အတင့် အဆင်ပြေ

စိုင်းအောင်ဇော်လင်း (မိုင်းယောင်း)

.

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စားသုံးကုန်နှင့် မုန့်အမျိုးမျိုးမျိုးကို အိမ်တိုင်ရာရောက် ပို့ဆောင်သည့် စနစ်ဖြင့် ရောင်းချသူများ မိသားစုစားဝတ်နေရေး အသင့်အတင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

.

.

ဝယ်ယူစားသုံးတာကတော့ နေ့စဉ်အမျိုးမျိုးပါပဲ၊ တစ်ချို့က ခေါက်ဆွဲနွဲ့ အဖြူရောင် မှာစားတယ်။ တစ်ချို့ကတော့ ပဲပုတ်နဲ့ တခြားအစာပလာတွေ ရောနှောထည့်ထားတဲ့ ခေါက်ဆွဲနွဲ့အနီကို မှာစားကြတယ်။ ရိုးရိုးခေါက်ဆွဲနွဲ့အဖြူဆို ဒေသရောင်းဈေးအရ ၄ ချပ်ကို ၅၀၀ ရာနဲ့ရောင်းပြီးတော့ အစာပလာရောနှောထည့်ထားတဲ့ ခေါက်ဆွဲနွဲ့အနီကိုတော့ ၃ ချပ်ကို ၅၀၀ ရာနဲ့ရောင်းပါတယ်။ စားသုံးသူတွေ ဖုန်းဆက်မှာတာနဲ့ ချက်ချင်းပဲ ပူပူနွေးနွေးစားသုံးလို့ရအောင်လို့ အိမ်အထိလိုက်လံ ပို့ဆောင်ပေးပါတယ်။ သရေစာမုန့်ရောင်းတာကနေ မိသားစုစားဝတ်နေရေးအတွက် အသင့်အတင့် အဆင်ပြေတာပေါ့” ဟု ခေါက်ဆွဲနွဲ့မုန့် ပြုလုပ်ရောင်းချသူအမျိုးသမီးတစ်ဦးက ပြောသည်။

.

ယင်းကဲ့သို့ စားသောက်ကုန်နှင့် မုန့်အမျိုမျိုးတို့ကို အိမ်တိုင်ရာရောက် ပို့ဆောင်ရောင်းချရာတွင် မှာယူစားသုံးမှု အပေါ် မူတည်၍ တစ်ရက်လျှင် ကျပ် ၆၀၀၀၀ မှ ၈၀၀၀၀ ကျပ် အကြား ရောင်းချရကြောင်း သိရသည်။

.

အိမ်တိုင်ရာရောက်ပို့ဆောင်ပေးသည့် သရေစာမုန့်များမှာ ပုလဲဖျော်ရည်၊ ခေါက်ဆွဲနွဲ့မုန့်၊ သင်္ဘောသီးထောင်း၊ သခွား သီးသုပ်၊ မုန့်လယ်ကွက်၊ ခေါက်ဖွန်း(မုန့်ချဉ်) အပြင် စားသုံးကုန်စည်ဖြစ်သည့် ကြက်သွန်နီကိုလည်း မှာယူသူ များပြား ကြောင်း သိရသည်။

.

မိုင်းယောင်းမြို့နယ်တွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် စားသောက်ဖွယ်ရာများ ရောင်းချသည့် ဈေးဆိုင်များ ကို ပါဆယ်(Take-away)စနစ်ဖြင့်သာ ရောင်းချကြရန် မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက ညွှန်ကြားထားသည်။

.

Journal Download

Photo of three cats