.
ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အမှတ်(၂)ရပ်ကွက်၊ လေသာတောင်ဘုရားအနီး၊ နဂါးပတ်ချောင်းအတွင်း၌ စက်တင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းတွင် မွေးကင်းစ အလောင်း တစ်ခု တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ယင်း မွေးကင်းစ ကလေးအလောင်းအား စေတနာ့ဝန်ထမ်း တစ်ဦးက စတင် တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများသို့ ဆက်သွယ် အကြောင်းကြားပြီးနောက် ဟဲဟိုးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ ပုဆိုးဖြင့် ထုတ်ထားသည့် မျက်နှာ ပျက်စီးနေသော မွေးပြီးစ ရက်သားအရွယ်(ယောက်ျားလေး) အလောင်းအား တွေ့ရှိခဲ့သဖြင့် ဟဲဟိုးဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မွေးကင်းစ ကလေးအလောင်း စွန့်ပစ်မှုနှင့် ပတ်သက်၍ ဟဲဟိုးနယ်မြေရဲစခန်း (ပ) ၅၁/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၁၈ ဖြင့် အမှုဖွင့်၍ စွန့်ပစ်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.