မင်းဇော်မင်း
.
မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်တွင် စက်တင်ဘာလ ၂၅ ရက်၊ ညနေပိုင်းက ပတ်ဝန်းကျင်အား အော်ဟစ်ဆဲဆိုနေသူကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးကာ အမှုဖွင့် ဖမ်းဆီး၍ အရေးယူထားကြောင်း သိရသည်။
.
မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်နေ အသက် ၄၉ နှစ်အရွယ် ဦးအေးလွင်သည် အရက်သေစာ သောက်စား မူးယစ်ကာ လမ်းသွားလမ်းလာများနှင့် ပတ်ဝန်းကျင်အား အော်ဟစ် ဆဲဆိုနေသဖြင့် ရပ်ကွက်နေပြည်သူများမှ သတင်းပို့ချက်အရ ရဲတပ်ဖွဲ့ဝင်များသည်က သက်သေများနှင့်အတူ သွားရောက် ထိန်းသိမ်းစဉ် ၎င်းမှာ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဖမ်းဆီးပြီးနောက် ဦးအေးလွင်၏ နေအိမ်အား ရှာဖွေရာ နေအိမ်ခေါင်းရင်းမှ တူမီးသေနတ်ကို တွေ့ရှိ၍ သိမ်းဆည်းရမိခဲ့သဖြင့် အရက်သေစာ သောက်စား မူးယစ်ကာ ပတ်ဝန်းကျင်အား အော်ဟစ် ဆဲဆိုကာ တရားမဝင် တူမီးသေနတ်ကို သိမ်းဆည်းထားသူ ဦးအေးလွင်အား မိုင်းတုံမြို့မရဲစခန်းမှ (ပ) ၂၇/၂၀၂၀၊ ရှမ်းလက်နက် အမိန့် ၁၂(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။