မောက်မယ်ရှောက်ချိုသီးများ ဈေးကောင်းရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မောက်မယ်ရှောက်ချိုသီးများ ဈေးကောင်းရ

စိုင်းမျိုးသန့် (မောက်မယ်)

.

လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ဒေသထွက် ရှောက်ချိုသီးများ လှိုင်လှိုင်ထွက်ပေါ်ချိန်၌ ဈေးကောင်းရလျက် ရှိကြောင်း သိရသည်။

.

.

မောက်မယ်ရှောက်ချိုသီးများကို တောင်ကြီးဈေးကွက်တွင် အလုံးကြီး တစ်လုံးလျှင် ၆၀၀ ကျပ်၊ အလုံးလတ် ၅၅၀ ကျပ်နှင့် အလုံးငယ်တစ်လုံးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချကြခြင်းဖြစ်ပြီး ယခင်နှစ် ရှောက်ချိုသီးရာသီက တစ်လုံးလျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်အထိသာ ရရှိခဲ့ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်အတွင်းရှိ မောက်မယ်မြို့နယ်သည် နာမည်ကျော်မောက်မယ် သနပ်ခါးနှင့် ရှောက်ချိုသီး အများဆုံး ထွက်ရှိရာ မြို့နယ်တစ်ခုဖြစ်ပြီး မောက်မယ်မြို့နယ်အတွင်း ရှောက်ချိုသီးများကို နမ့်လွတ် ကျေးရွာအုပ်စု၊ ဖာဟင်ကျေးရွာ၊ ကွန်ခံကျေးရွာ၊ ဝမ်နား ကျေးရွာနှင့် ကဒူးလေးကျေးရွာများ၌ အများအပြား စိုက်ပျိုးကြလေ့ရှိကြောင်း သိရသည်။

.

အဆိုပါ ရှောက်ချိုသီးခြံများတွင် နှစ်စဉ် ရှောက်ချိုသီးပေါ်ချိန်၌ ကုန်သည်များမှ ခြံလိုက အလုံးပြတ် ဝယ်ယူရောင်းချ ကြလေ့ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats