ချင်းရွှေဟော်တွင် ကုန်စည်ပို့ဆောင်နိုင်ရေးအတွက် တရုတ်နိုင်ငံ နှင့် ညှိနှိုင်းဆောင်ရွက်နေသော်လည်း ကျန် ကန့်သတ်မှုများ ဆက်လက်ရှိနေမည်ဖြစ် ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ချင်းရွှေဟော်တွင် ကုန်စည်ပို့ဆောင်နိုင်ရေးအတွက် တရုတ်နိုင်ငံ နှင့် ညှိနှိုင်းဆောင်ရွက်နေသော်လည်း ကျန် ကန့်သတ်မှုများ ဆက်လက်ရှိနေမည်ဖြစ် ဟုဆို

မင်းဇော်မင်း

.

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့တွင် ၅ ရက်ကြာ Lockdown အပြီး၌  ကုန်စည်ပို့ဆောင်နိုင်ရေး အတွက် တရုတ်နိုင်ငံနှင့် ညှိနှိုင်း၍ ခွင့်ပြုပေးနိုင်ရေး လုပ်ဆောင်ပေးနေသော်လည်း ကျန်ကန့်သတ်ချက်များ ဆက်လက် ရှိနေမည်ဖြစ်သည်ဟု သိရသည်။

.

.

ချင်းရွှေဟော်မြို့ကို စက်တင်ဘာလ ၁၈ ရက်မှ ၂၂ ရက်အထိ Lockdown ပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၃ ရက်က ပြုလုပ်သည့် ဒေသဦးစီးအဖွဲ့နှင့် လုပ်ငန်းရှင်များ အစည်းအဝေးတွင် ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်းက တရုတ် နိုင်ငံနှင့် ကုန်စည်ဖလှယ်ပို့ဆောင်ရေး အစီအမံ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

“ကန့်သတ်ချက်တွေကတော့ ဆက်ရှိနေပါမယ်။ ကုန်တင်ကားတွေကိုတော့ တစ်ဘက်နိုင်ငံ နယ်စပ်ဂိတ်မှာ ဒရိုင်ဘာ ချင်းပြောင်းဖို့ စီမံနေကြပါတယ်။ ရက်ပိုင်းအတွင်း လုပ်ဆောင်သွားဖို့ ရှိပါမယ်” ဟု ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ချင်းရွှေဟော်မြို့ကို  Lockdown ပြုလုပ်ရာတွင် လူ အဝင်/အထွက်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ ထောက်ခံချက်များဖြင့် သွားလာခွင့်ပြုထားခဲ့ပြီး ကုန်တင်ယာဉ်များကိုမှုလုံးဝ ပိတ်ထားခဲ့ခြင်းဖြစ်ရာ ယခုအစည်းအဝေး ဆုံးဖြတ်ချက်အရ ကုန်တင်ယာဉ်များအား ချင်းရွှေဟော်သို့ စစ်ဆေး၍ ဝင်ခွင့်ပြုမည်ဖြစ်ပြီး တရုတ်နိုင်ငံ၊ မိန်တိန် ဘက်မှ လာသည့် ကားများနှင့် ယာဉ်မောင်းလက်လွှဲပြုလုပ်ကာ ပို့ဆောင်နိုင်ရေးစီစဉ်နေကြောင်း ၎င်းထံက သိရသည်။

.

“ရေထွက်ကုန်တွေက ပုပ်သိုးကုန်တွေဖြစ်ပါတယ်။ တစ်ရက် နှစ်ရက် နှောင့်နှေးကြန့်ကြာတာနဲ့ပဲ ဆုံးရှုံးမှုက ကားတစ်စီးကို သိန်းရာချီရှိလို့ ရှမ်းပြည်နယ်အစိုးရကို COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအမျိုးသားအဆင့် ဗဟိုလမ်းညွှန်ချက်များအတိုင်း ကုန်ကားတွေသွားလာခွင့်ပြုဖို့ တင်ပြခဲ့တာ၊ မနေ့က အစည်းအဝေးအရတော့ ချင်းရွှေဟော်ဘက် ပြန်ပို့နိုင်တော့မှာဖြစ်ပါတယ်။ ရေထွက်ကုန်တွေက ဒိုင်မှာစုဆောင်းရက်၊ လမ်းကြာရက်တွေနဲ့ တွက်ဆပြီး ရင်တမမနဲ့ပို့ရတာဖြစ်လို့ သေချာအောင် ဆောင်ရွက်နေရပါတယ်ဟု မန္တလေးမြို့ အခြေစိုက်၊ ငါးရှဉ့် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးတိုင်းကျော်က ပြောသည်။

.

ချင်းရွှေဟော်ပိတ်သဖြင့် မူဆယ်ဘက်သို့ ပြောင်းလဲ ပို့ဆောင်ခဲ့ရသည့် ရေထွက်ကုန်များမှာ ကျင်စန်းကျော့မှ တဆင့် ပို့ဆောင်နိုင်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှု ကားတစ်စီးလျှင် ကျပ်သိန်း ၂၅ဝ မှ ၃ဝဝ အထိဖြင့် ကားစီးရေ ၇ စီးခန့် ပျက်စီး ဆုံးရှုံးမှု ရှိခဲ့ကြောင်း ၎င်းထံက သိရသည်။

.

တရုတ်နိုင်ငံသို့ မူဆယ်နှင့် ချင်းရွှေဟော်မှတစ်ဆင့် နယ်စပ်ကုန်သွယ်ရေးအရ ငါးရှဉ့်၊ ဂဏန်း၊ ရေခဲငါး၊ ပုစွန် တို့ကို ပုံမှန်အနေအထားတွင် တစ်ရက်လျှင် ကားစီးရေ ၇ စီးခန့် တင်ပို့နိုင်ခဲ့ပြီး ရေထွက်ပစ္စည်းများတင်ပို့မှုကို လမ်းခရီးတွင် ဦးစားပေးရန် မူဝါဒရှိနေသော်လည်း အကြောင်းအမျိုးမျိုးဖြင့် ကြန့်ကြာမှုများကြောင့် ကားတစ်စီးလျှင် အနည်းဆုံး ၃ ပုံ ၁ ပုံခန့် ဆုံးရှုံးမှုများ ရှိနေသည်ဟု သိရသည်။

.

Journal Download

Photo of three cats