မိုင်းယုတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀၀ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယုတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀၀ ဖမ်းမိ

ကိုကိုနိုင်

.

တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် စက်တင်ဘာလ ၂၁ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀၀ ပြားအား လက်ဝယ်ထားရှိသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်တပ်စု (၃၀) (တာချီလိတ်)မှ တပ်ဖွဲ့ဝင်များ၊ မိုင်းယုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူပေါင်းအဖွဲ့ သည် စက်တင်ဘာလ ၂၁ ရက်၊ နေ့လယ် ၁ နာရီခန့်က မူးယစ်ဆေးဝါးသတင်းအရ မိုင်းယုမြို့  ဒွန်းနွဲ့အုပ်စု၊ ဒွန်းနွဲ့ကျေးရွာနှင့် ဝမ်နားမြတ်ကျေးရွာအကြား ကားလမ်းမဘေးနေ ဦးသောင်းလှ (ခ) မောင်လှ ၏ နေအိမ်အား သက်သေများနှင့်အတူ  ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀၀ ပြား၊ ကာလတန်ဖိုး ငွေကျပ် ၂၈ သိန်း၊ မြန်မာကျပ်ငွေ ၂ သိန်းတို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသူ ဦးသောင်းလှ(ခ) မောင်လှအား မိုင်းယုနယ်မြေခံရဲစခန်းမှ မယ(ပ) ၂/၂၀၂၀၊ မူး/စိတ်၊ ပုဒ်မ ၁၉(က)/၂၀(က)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats