မိုင်းထွန်း
.
ကျောက်မဲမြို့နယ် အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား ၄၆၀ ကျော်အား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်များကို စက်တင်ဘာလ ၁၈ ရက်က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့နေလျက် ရှိကြောင်း သိရသည်။
.
ကျောက်မဲမြို့နယ်အတွင်း၌ အသက် ၈၅ နှစ်နှင့် အထက်ရှိ လူမှုရေးပင်စင် ပေးအပ်ခဲ့သည့် ဘိုးဘွား စုစုပေါင်း ၄၄၆ ဦး ရှိကာ တစ်လလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ ၃ လ အတွက် ငွေကျပ် ၃၀၀၀၀ စီကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ထောက်ပံ့ ပေးအပ်မှုကို ကျောက်မဲမြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ခဲ့ကြခြင်း ဖြစ်ပြီး ကျေးရွာအုပ်စုများရှိ သက်ကြီးဘိုးဘွားများအား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများကတစ်ဆင့် ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။