ပင်လောင်းမြို့နယ်တွင် အမျိုးသမီး တစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်လောင်းမြို့နယ်တွင် အမျိုးသမီး တစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး

မင်းဇော်မင်း

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လုံးပိုးကျေးရွာအုပ်စု၊ နောင်ကားခေါင်း အနောက်ကျေးရွာ၏ အရှေ့ဘက် ၂ ဖာလုံခန့်အကွာတွင် စက်တင်ဘာလ ၁၇ ရက်၊ ညနေပိုင်းက မိုးရွာသဖြင့် သစ်ပင်အောက် မိုးခိုနေစဉ် မိုးကြိုးပစ်ခံရသဖြင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

မိုးကြိုး ပစ်ခံရသည့် အမျိုးသမီး၏ ရုပ်အလောင်းအား တွေ့မြင်ရစဉ် (ဓါတ်ပုံ - ရဲတပ်ဖွဲ့)

 

သေဆုံးသူမှာ နောင်ကားခေါင်း ကျေးရွာနေ အသက် ၄၁ နှစ်အရွယ် ဒေါ်မွန်း ဖြစ်ပြီး ခင်ပွန်း ဖြစ်သူနှင့်အတူ လယ်လုပ်ကိုင်နေစဉ် မိုးရွာသဖြင့် လယ်ကွက်အတွင်းရှိ ပင်စိမ်းပင်အောက်၌ မိုးခိုရာမှ မိုးကြိုး ပစ်ချခြင်းကြောင့် ဒေါ်မွန်းဝဲ ဂျိုစောင်းနှင့် နားထင်/နားနောက် ဆံပင်များ မီးလောင်ကျွမ်း၊ ဝဲပါး အပူလောင်၊ ယာရင်ဘတ် မီးလောင်ကျွမ်း ဒဏ်ရာများဖြင့် ခန္ဓာကိုယ် ပြာနှမ်းကာ အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ခင်ပွန်းမှာ  ဒဏ်ရာ ရရှိခြင်း မရှိဘဲ သေဆုံးသူ၏ ရုပ်အလောင်းအား တီကျစ် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ မိုးကြိုး ထိမှန်၍ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာတိုင်း သေဆုံးရခြင်း ဟုတ်/မဟုတ် စစ်ဆေးရန်အတွက် နောင်တရား နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၆/၂၀၂၀) ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

.

#KBZTai  #Shan  #News  #MinZawMin

.

Journal Download

Photo of three cats