မိုးနဲမြို့နယ်၌ ဆီထွက်သီးနှံ နေကြာ စိုက်ခင်းများ ပိုမို စိုက်ပျိုးလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးနဲမြို့နယ်၌ ဆီထွက်သီးနှံ နေကြာ စိုက်ခင်းများ ပိုမို စိုက်ပျိုးလာ

မျိုးညွန့်ရွှေ(မိုးနဲ)

.

လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် တောင်သူများက ဆီထွက်သီးနှံ နေကြာစိုက်ခင်းများ ပိုမို စိုက်ပျိုးလာလျက် ရှိပြီး ယင်း ရေဆင်း() စပ်မျိုးနေကြာ စိုက်ခင်းများမှာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်းတောင်သူများထံမှ သိရသည်။

.

နေကြာ စိုက်ပျိုးတာက အခြားသီးနှံ စိုက်ပျိုးတာထက် ဂရုတစိုက် ဆောင်ရွက်ရတာမျိုး မဟုတ်ဘဲ ထွန်ယက်ပြီး နေကြာမျိုး ကြဲပတ်ထားရတာဖြစ်လို့ လူနဲ့ လုပ်အားခ၊ အရင်းအနှီး အများကြီး မကုန်ကျဘဲ ဈေးကောင်း ရရင် ဝင်ငွေ ကောင်းမွန်တာကြောင့် ဆီထွက်သီးနှံ နေကြာကို စိုက်ပျိုးရတာ ဖြစ်ပါတယ်ဟု တောင်သူ ဦးစောမြက ပြောသည်။

.

 

မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အစားထိုးသီးနှံအဖြစ် ရေဆင်း() စပ်မျိုး နေကြာမျိုးစေ့နှင့်တောင်သူ နည်းပညာပေးခြင်း လုပ်ငန်းများကို ကူညီဆောင်ရွက် ပေးလျက်ရှိကာ ဒေသခံတောင်သူများကိုလည်း ထွက်နှုန်းကောင်း ရေဆင်း() စပ်မျိုးနေကြာအား တိုးချဲ့ စိုက်ပျိုးရန် တိုက်တွန်းလျက် ရှိကြောင်း သိရသည်။

.

ယခင် ၂၀၁၉ ခုနှစ် စံကွက်ထွက်နှုန်းအရ နေကြာ တစ်ဧကလျင် ၂၉ ဒသမ ၃၇ တင်း ထွက်ရှိခဲ့ပြီး နေကြာ တစ်တင်းလျှင် ငွေကျပ် ၁၃၀၀၀ ဝန်းကျင် ရရှိကြောင်းနှင့် ယင်းနေကြာ တစ်တင်းအား ကြိတ်ခွဲပါက ဆီ ၂ ပိဿာခွဲခန့် ထွက်ရှိသဖြင့်  တစ်ဧကလျှင် ဆီ ၇၃ ပိဿာကျော် ထွက်ရှိကြောင်း မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးထံမှ သိရသည်။

.

မိုးနဲမြို့နယ်သည် တောင်ကုန်းတောင်တန်း ပေါများ၍ မြစ်ချောင်းများ နည်းပါးပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၃၁၇၉ ပေတွင် တည်ရှိသော ဒေသဖြစ်ကာ မြို့နယ်အတွင်း၌ နေကြာစိုက် ဧကပေါင်း ၇၃ ဧကကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats