.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အကြိမ် (၂၀) မြောက် ပုံမှန်အစည်းအဝေးကို
တောင်ကြီးမြို့၊ ရှမ်းပြည်နယ် လွှတ်တော် ခန်းမဆောင်တွင် စက်တင်ဘာလ ၂ ရက်မှ ၄ ရက်အထိ
၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေး တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ
ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် အ ဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များက
ပြန်လည်ဖြေကြားခြင်း၊ ဥပဒေမူ ကြမ်းများ အတည်ပြုခြင်း၊ အဆိုများ တင်သွင်းအတည်ပြုခြင်း
တို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
.
ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း
၁။ ကျိုင်းတုံမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်းပြည် နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက အစိုး
ရ၏ ဒုတိယသက်တမ်း ကာလအတွင်း မေးမြန်းခဲ့သည့် မေး ခွန်း၊ အဆိုများနှင့် ပတ်သက်၍ လွှတ်တော်တွင်
ကတိက ဝတ် ဖြစ်ပေါ်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ကြယ်ပွင့် ပြ မေးခွန်းမေးမြန်းရာ
ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီး ဦးစိုးညွန့်လွင်က ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်
တော် သက်တမ်းအတွင်း အစိုးရအနေဖြင့် ကတိကဝတ် ဖြစ် ပေါ်ခဲ့သည့် အဆို ၃၆ ခု၊ ကြယ်ပွင့်ပြမေးခွန်း
၉၂၉ ခု၊ ကြယ် ပွင့်မပြမေးခွန်း ၇၂၆ ခု ရှိခဲ့ပြီးအဆို ၃၃ ခု၊ ကြယ်ပွင့်ပြမေး ခွန်း
၆၅၁ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၄၂၉ ခုကို ဆောင်ရွက်ပေး နိုင်ခဲ့ပြီး ကျန်အဆိုနှင့် မေးခွန်းများမှာ
ဆောင်ရွက်ဆဲဖြစ် ကြောင်း နှင့် ကျန်လုပ်ငန်းများကို နောင်ဘဏ္ဍာရေးနှစ်များတွင် အသီးသီးလျာထား
ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြန် လည်ဖြေကြားခဲ့သည်။
.
၂။ ဆက်လက်ပြီး ဒေါက်တာဝဏ္ဏစိုးက
ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအနီးရှိ နမ့်ခင်ချောင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက်
သဲနုန်းပြန်လည်တူးဖော် ပေါင်ဆင့် ခြင်းလုပ်ငန်းအား ကူညီဆောင်ရွက်ပေးရန် မေးမြန်းရာ
ပြည် နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦး စိုင်းလုံကျော်က နမ့်ခင်ချောင်းသည်
ဒေသခံများ၏ လယ် မြေဧက ၂၅၀၀ ကို အကျိုးပြုနေကြောင်း၊ ချောင်းတိမ် ကောလာမှုနှင့် နှစ်စဉ်မိုးရာသီတွင်
ချောင်းဘေးဝဲယာတစ် လျှောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခံစားနေရသဖြင့် နှစ်စဉ် ဌာနမှ ဘဏ္ဍာငွေ
ရရှိမှုအပေါ် မူတည်ပြီးအပိုင်း အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဲနုန်းများပြန်လည်တူး
ဖော်ခြင်း၊ ပေါင်ဆင့်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ချောင်း ဘေးရှိ လယ်မြေများပေါ်၌
ပေါင်တင်ပေးရမည် ဖြစ်သည့်အ တွက် လယ်မြေများ ထိခိုက်မှုရှိနိုင်ကြောင်း၊ သို့ဖြစ်၍ ဒေသခံ
တောင်သူများ၏ သဘောတူညီမှု ရရှိမှသာလျှင် ဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ခန့်မှန်းကုန်ကျငွေ
ကျပ်သန်း ၁၂၀ ကုန်ကျမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
၃။ လွိုင်လင်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်က လွိုင်လင်မြို့နယ်၊
ဟွေ တောက်ကျေးရွာအုပ်စုတွင် ထီအုံးနောင်ကျေးလက် ကျန်း မာရေးဌာနခွဲ စံကိုက်အဆောက်အဦ
ရရှိရေး စီမံဆောင်ရွက် ပေးမှုနှင့် ကုန်းယောကျေးရွာအုပ်စုတွင် ခေးဟွမ်ကျန်းမာ ရေးဌာနခွဲ
စံကိုက်အဆောက်အဦ ရရှိရေး စီမံဆောင်ရွက်ပေး မှုများနှင့် ပတ်သက်၍ ကြယ်ပွင့်ပြမေးခွန်း
မေးမြန်းရာ ပြည် နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ၂၀၂၀-၂၀၂၁ ဘ ဏ္ဍာရေးနှစ်တွင်
ထည့်သွင်းလျာထားပြီး ဖြစ်ကြောင်းနှင့် ခွင့် ပြုပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြန်လည်
ဖြေ ကြားခဲ့သည်။
.
၄။ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်
(၂) မှ ဦးစဝ်အောင်မြတ်က ရွာငံမြို့နယ်၊ လယ်ကိုင်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာ တွင်
MPT ဆက်သွယ်ရေးတာဝါတိုင် သို့မဟုတ် အခြားဆက် သွယ်ရေးတာဝါတိုင် ဆောင်ရွက်ပေးရန် အစီအစဉ်
ရှိ/မရှိ မေး မြန်းရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး က MPT ဆက်သွယ်ရေးတာဝါတိုင်
ဆောင်ရွက်ပေးရန် အစီ အစဉ် မရှိသေးပါကြောင်းနှင့် အခြားဆက်သွယ်ရေး အော်ပရေ တာများသို့
တင်ပြထားပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
.
၅။ တပ်မတော်သား ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ဗိုလ်မှူး ပြည့်ဖြိုးအောင်က ကျိုင်းတုံမြို့နယ် အတွင်းရှိ ကျေး လက်နေ
ပြည်သူများအတွက် သန့်ရှင်းသောရေ အရင်းအ မြစ်များမှ ရေကောင်းရေသန့် လုံလောက်စွာ ရရှိရန်မည်ကဲ့
သို့ စီမံဆောင်ရွက် ထားသည်ကို သိရှိလိုကြောင်း မေးခွန်း နှင့် စပ်လျဉ်း၍ ပြည်နယ်စိုက်ပျိုးရေး၊
မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ဘဏ္ဍာရေးနှစ် အလိုက် ခွင့်ပြုဘဏ္ဍာငွေ
ရရှိမှုအပေါ် မူတည်ပြီး ဦးစားပေး လျာထား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့
သည်။
.
၆။ မိုင်းပျဉ်းမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ ဦးစိုင်းလှဝင်းက COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စားဝတ်
နေရေးအခက်အခဲ ကြုံတွေ့နေရသည့် ပြည်သူလူထုများ ထံသို့ သွားရောက်ကူညီ လှူဒါန်းမှုနှင့်
စပ်လျဉ်းသည့် မေး ခွန်းမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုး ထွန်းက ၂၀၂၀
ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် ပြည် သူ့ကျန်းမာရေးဦးစီးဌာန၊ တောင်ကြီး၊ ကျိုင်းတုံ၊
လားရှိုး မြို့များသို့ COVID-19 ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ဝယ်ယူရန်အတွက်
၁၆ ဒသမ ၉၉ သန်း၊ ဖေဖော် ဝါရီလ ၂၀ ရက်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် မြောက် ပိုင်းရှိ
စေတနာ့ဝန်ထမ်းများအတွက် ၆ သန်း၊ မတ်လ ၂၁ ရက်တွင် စဝ်စံထွန်းဆေးရုံ၊ လွိုင်လင်ဆေးရုံ၊
ကလော၊ လား ရှိုး၊ မူဆယ်၊ ကျိုင်းတုံနှင့် တာချီလိတ်ဆေးရုံများ၏ သီးသန့် ဆောင် ပြင်ဆင်ရေးနှင့်
COVID-19 ကာကွယ်ကုသရေး လုပ်ငန်းစဉ်များတွင် လိုအပ်သော ပစ္စည်းများဝယ်ယူရန်အ တွက် ၁၂၅
ဒသမ ၇၉ သန်း၊ မတ်လ ၂၃ ရက်တွင် စဝ်စံ ထွန်းဆေးရုံ၊ တောင်ကြီး အမျိုးသမီးနှင့် ကလေးဆေးရုံ၊
လောက်ကိုင်ဆေးရုံများတွင် လိုအပ်သည့် ဆေးဝါးများ ဝယ် ယူရန်အတွက် ၂၀ ဒသမ ၁၄ သန်း၊ ဧပြီလ
၇ ရက်တွင် နယ် စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်လာသော နိုင်ငံသားများကို Facilities
Quarantine ထားရှိနိုင်ရန် လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ ကျိုင်းတုံနယ်စပ်ဂိတ် များအတွက်
ထောက် ပံ့ငွေကျပ်သန်း ၂၀၊ စဝ်စံထွန်းဆေးရုံကြီးတွင် PCR စက် ပစ္စည်း ထားရှိရန်အတွက်
လိုအပ်သည့် ဓါတ်ခွဲခန်း ပြင်ဆင် ခြင်းအတွက် ၁၂၆ ဒသမ ၄၇ သန်း၊ လားရှိုးဆေးရုံတွင်
PCR စက်ထားရှိရန် အဆောက်အဦ ထားရှိရန်အတွက် ၂၉၇ သန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း
ပြန်လည်ဖြေကြား ခဲ့ သည်။
.
၇။ ဆက်လက်ပြီး ဦးစိုင်းလှဝင်းက
မိုင်းပျဉ်းမြို့နယ်၊ တုံတာ မြို့၊ နမ့်ဆင်ချောင်း မြေသားကျောက်စီနံရံ အလျား ၁၄၀၀ ပေ
အား တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းရာ ပြည် နယ်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး
ဦးခွန်ရဲထွေးက အသေး စိတ်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
၈။ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်
(၂) မှ ဦးညီညီ (ခ) ဦးညီလေးချမ်းက ပင်းတယမြို့နယ်၊ ရွှေပုထိုးကျေးရွာ အုပ်စု၊ ရွှေပုထိုးကျေးရွာအနီးရှိ
အင်းယားကန်၏ ရေပြင် ဧရိယာ၊ ကန်နယ်နိမိတ်ဧရိယာ မည်မျှရှိသည်ကို သိရှိလို ကြောင်း မေးခွန်းနှင့်
ပင်းတယမြို့နယ်၊ မိုင်းလီကျေးရွာ အုပ်စု၊ မိုင်းလီကျေးရွာ ရေရှားပါးမှု ပြဿနာကိုမည်သို့စီမံ
ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးခွန်းတို့ကို မေး မြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်က အင်းယားကန်ဧရိယာသည် ၁၉၉၆ ခုနှစ် မတိုင်မီက ကြေးတိုင်နှင့်
မြေစာရင်းဦးစီးဌာနတွင် စိုက် ပျိုးမြေအတွင်း ပါဝင်ခြင်းမရှိသောကြောင့် တိုင်းတာခြင်း
မရှိခဲ့သလို ၂၀၀၆ ခုနှစ်တွင်လည်း တိုင်းတာခြင်းမရှိခဲ့ပါ ကြောင်းနှင့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင်
ပင်းတယမြို့နယ် အ တွင်းရှိ ကွင်းများအားလုံး ပြန်လည်တိုင်းတာရာ၌ အင်းယား ကန်၏ ဘေးပတ်ဝန်းကျင်ရှိ
စိုက်ပျိုးမြေများရှိ ကွင်းများအား လုံးတိုင်းတာပြီးစီးသည့် အချိန်တွင် စိုက်ပျိုးမှုမရှိသော
အင်း ယားကန်၏ ရေပြင်ဧရိယာ ၂၄၇ ဧက တည်ရှိနေပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
ထို့နောက် ဒုတိယမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန် ကြီးက မိုင်းလီကျေးရွာ
သောက်သုံးရေ ရရှိရေးအတွက် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်
စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းကိုလည်း ကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အထက(ခွဲ)
စာသင်ကျောင်း ရေရှိရေးအတွက် ရေပိုက် ၁၀၀ လုံးအား လည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း၊
သို့သော် နွေရာသီကာလတွင် ရေထွက်နှုန်း လျော့နည်းလာမှုကြောင့် ကောင်းဘို့ရေထွက်မှ စိမ့်စမ်းရေ
သွယ်ယူခြင်းလုပ်ငန်း ၃ မိုင် ဆောင်ရွက်ရန်အတွက် ခန့်မှန်းကုန်ကျငွေ ၃၉ ဒသမ ၁၇၀ သန်း
ကုန်ကျမည်ဖြစ်ကြောင်းနှင့် ဦးစားပေးတင်ပြလာပါက ခွင့်ပြုရန် ပုံငွေအလိုက် လျာထားဆောင်ရွက်ပေးသွားမည်
ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
၉။ ရွာငံမြို့နယ်မဲဆန္ဒနယ်အမှတ်
(၁) မှ ဦးအေးမင်းစိုးက ရွာငံမြို့နယ်အတွင်း တယ်လီဖုန်းလိုင်းမရှိ၍ ဆက်သွယ်ရန် အခက်အခဲရှိသော
ကျေးရွာ ၁၆ ရွာအတွက် ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေး
ခွန်း မေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး ခွန်ရဲထွေးက ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီး ဌာနသို့ တင်ပြထားရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
၁၀။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်
ဗိုလ်ကြီးမျိုး ကိုကိုဝင်းက ရပ်စောက်မြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင်
RC ၂ ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန်နှင့် စာသင်ခုံများ ဖြည့်တင်းပေးရန် အစီ အစဉ်ရှိ/မရှိမေးမြန်းရာ
ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်း
ရန် ပုံငွေတွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
.
၁၁။ သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်
(၁) မှ ဒေါ်နန်းခင်ထား ရီက သိန္နီမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ဟိုဝိန်းကြာကန် အနီးတွင်
ဆက်သွယ်ရေးတာဝါတိုင် ဆောက်လုပ်ထား ခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်
သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက လားရှိုးခရိုင် စီမံခန့်ခွဲမှု ကော်မတီမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့
တင်ပြထားပြီးဖြစ် ကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီနှင့် တာဝါတိုင် ဆောက်လုပ်ထားသော
ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အခြားနည်း အသုံးပြုခွင့်မရမီ တာဝါတိုင်တည်
ဆောက်ခြင်းကို လယ်ယာမြေ ဥပဒေနှင့်အညီ အရေးယူနိုင် ရေး လားရှိုးခရိုင်စီမံခန့်ခွဲမှု
ကော်မတီသို့ ညွှန်ကြားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
၁၂။ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်
(၂) မှ ဦးညီညီ (ခ) ဦးညီလေးချမ်းက ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာ အ ထက်တန်းကျောင်း
အားလုံးအတွက် အထက်တန်းပြ ဆရာ/ ဆရာမ ၄၃ ဦး လိုအပ်နေမှုနှင့် ပတ်သက်၍မေးမြန်းရာ ပြည်
နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကျောင်းသားနှင့် ဆရာဦးရေအချိုးနှင့် လစ်လပ်ဆရာ/ဆရာမခန့်ထားပေးရန်
မ လိုအပ်ကြောင်း၊ ကျောင်းသားအချိုး စိစစ်ပြီးလိုအပ်မှသာ ခန့် ထားပေးမည်ဖြစ်ကြောင်း
ပြန်လည်ဖြေကြားခဲ့သည်။
.
၁၃။ ဆက်လက်ပြီး ဦးညီညီ
(ခ) ဦးညီလေးချမ်းက ရွာငံမြို့ နယ်၊ မြို့ကြီးကျေးရွာအုပ်စုရှိ မြို့ကြီးဆည်အား ပြုပြင်ထိန်း
သိမ်း ကာကွယ်ပေးရေးနှင့် ပတ်သက်သည့် မေးခွန်းအား ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်က မြို့ကြီးဆည်အနီးတွင် မည်သည့် သတ္တုတူးဖော်ရေး
လုပ်ငန်းကိုမျှ ခွင့်ပြုထားခြင်း မရှိပါကြောင်းနှင့် သစ်တောဦးစီးဌာနမှ တစ်လလျှင် ၂
ကြိမ် ကင်းလှည့်စစ်ဆေးလျက် ရှိပါကြောင်း၊ တရားမဝင်သတ္တု တူးဖော်မှုများရှိပါက ဥပဒေနှင့်အညီ
အရေးယူသွားမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
၁၄။ ကျိုင်းတုံမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက ကျိုင်းတုံမြို့
နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စုရှိ ဝမ်ဆောင်းလယ်ရေ ပေး မြောင်းအား ပြန်လည်တူးဖော်ပေးရန်
အစီအစဉ်ရှိ/မရှိမေးမြန်း ရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး
ဦးစိုင်းလုံကျော်က ဘဏ္ဍာငွေ ရရှိပါက လျာထားဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
၁၅။ လွိုင်လင်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၁) မှဦဂခွန်ဒီဂေါလ် က လွိုင်လင်မြို့နယ်၊ မိုင်းပွန်-ခဲလုံ-ကောင်းတန်
ကျေးလက် ကျောက်ချောလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် တင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ
မေးမြန်းရာ ပြည် နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး က ဒေသတွင်းလိုအပ်ချက်အရ
ဆက်လက်ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
၁၆။ ဆက်လက်ပြီး ဦးခွန်ဒီဂေါလ်က
၂၀၂၀ ပြည့်နှစ်စိုက် ပျိုးရာသီတွင် ရိတ်သိမ်းထွက်ရှိမည့် အစေ့ထုတ်ပြောင်း ဈေး ကောင်းရရှိရေးနှင့်
တည်ငြိမ် ခိုင်မာသောဈေးကွက် ပေါ်ထွန်း စေရေးအတွက် မည်သို့စီမံ ဆောင်ရွက်ထားသည်ကို သိရှိလို
ကြောင်း မေးခွန်းနှင့် ပတ်သက်၍ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဦးစိုးညွန့်လွင်က
သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ပူး ပေါင်း၍ အစဉ်အမြဲ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း
ပြန် လည်ဖြေကြားခဲ့သည်။
.
၁၇။ မိုင်းကိုင်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်က မိုင်းကိုင်မြို့နယ်၊
ဟမ်းငိုင်းကျေးရွာအုပ်စုရှိ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် အထက်တန်းပြ ဆရာ/ဆရာမခန့်ထားပေးနိုင်ရေး
နှင့် ပတ်သက်၍ မေးခွန်းမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပညာရေးဝန်ကြီးဌာနသို့
ဆက်လက် တင်ပြ ပေးသွားမည်ဖြစ်ပါကြောင်း၊ BED ဆင်း ဆရာ/ဆရာ မများကို ခန့်အပ်နိုင်ရေး
ထည့်သွင်းလျာထား ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
၁၈။ တပ်မတော်သား ကိုယ်စားလှယ်
ဗိုလ်ကြီးရဲနောင်ဇော်က ရှမ်းပြည်နယ်အတွင်း လျော့နည်းလာသော မြေ အောက်ရေချို အရင်းအမြစ်များအား
ပြန်လည်ဖြည့်တင်းပေးရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်
လျဉ်း၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်က
ပြည်ထောင်စုမှ မြေအောက်ရေ ထိန်းသိမ်းရေးဥပဒေကို ရေးဆွဲပြီးပါက သက်ဆိုင်ရာဝန်ကြီး ဌာန၊
ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
၁၉။ ရွာငံမြို့နယ်မဲဆန္ဒနယ်အမှတ်
(၂) မှ ဦးစဝ်အောင်မြတ် (ခ) ဦးစိုင်းအောင်မြတ်က ရွာငံမြို့နယ်၊ မြင်းကျဒိုး ကျေးရွာ
အုပ်စု၊ ရေလှကျေးရွာနှင့် ရနဲကျေးရွာအုပ်စု၊ မင်းပလောင် ကျေးရွာချင်းဆက်လမ်းအား ဖောက်လုပ်ပေးရန်နှင့်
အရှည် ၈၀ ပေ တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်း မေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး
ဝန် ကြီး ဦးခွန်ရဲထွေးက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ထပ်မံ တင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ်
မူတည်၍ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
၂၀။ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်
(၂) မှ ဦးအောင် ထွဏ်းက ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်သော လုပ် ငန်းများအား ကြီးကြပ်ထိန်းကျောင်းမှုနှင့်
စပ်လျဉ်းသည့် မေး ခွန်းမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက
သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိဘဲ ပြန်လည်ပြုပြင်ပေးခြင်းမရှိသော ကုမ္ပဏီများကို
စာချုပ်ပါ စည်း မျဉ်းစည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်သွားမည် ဖြစ် ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
၂၁။ မိုင်းပျဉ်းမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ ဦးစိုင်းလှဝင်းက ရှမ်းပြည်နယ်တွင် COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလ အတွင်း ပြည်သူလူထုထံသို့
ထောက်ပံ့ပစ္စည်းများ လှူဒါန်း ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှထုတ်ပြန်
သည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ တိကျစွာလိုက်နာရေး စီစဉ်ဆောင်ရွက်ထားရှိမှုနှင့်
ပတ်သက်၍ မေးမြန်းရာ ပြည် နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏
လမ်းညွှန်ချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်လျက် ရှိပါကြောင်းပြန် လည်ဖြေကြားခဲ့
သည်။
.
၂၂။ နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ်
(၂) မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်က ရှမ်းပြည်နယ် အခြေခံ ပညာကျောင်းများ
ဘေးကင်းစိတ်ချရသော အစားအသောက် ဥပဒေ၏ နည်းဥပဒေ အမြန်ဆုံးရေးဆွဲပေးရန် အစီအစဉ်ရှိ/မရှိ
မေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက နည်းဥပဒေ အကြမ်းအား အနီးဆုံးကျင်းပမည့်
ရှမ်းပြည်နယ်အ စိုးရ ပုံမှန်အစည်းအဝေးတွင် တင်ပြအတည်ပြုချက် ရယူပြီး ထုတ်ပြန်နိုင်ရးအတွက်
လွှတ်တော်ကိုယ်စားလှယ်များသို့ ပေးပို့ နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း
ပြန်လည်ဖြေကြားခဲ့သည်။
.
၂၃။ တပ်မတော်သား ကိုယ်စားလှယ်
ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်က ကျိုင်းတုံမြို့နယ်အတွင်းရှိ ပြည်သူများ အတွက်
ထင်းစိုက်ခင်းများကို ဘဏ္ဍာရေးနှစ်အလိုက် မည် သို့ အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ကို
သိရှိလို ကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်သယံဇာတနှင့် သ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး
ဒေါက်တာညီညီ အောင်က ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး အခမဲ့ဖြန့်ဝေပေး သွားမည်ဖြစ်ပါကြောင်း၊
၂၀၂၁ ခုနှစ်တွင် တန့်ယန်းမြို့နယ် ၌ ထင်းစိုက်ခင်း ဧက ၅၀၀ လျာထားပြီးဖြစ်ပါကြောင်း၊
ကျိုင်း တုံမြို့နယ် ထင်းစိုက်ခင်း ဧကတင်ပြလာပါက ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
၂၄။ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်
(၂)မှ ပြည်နယ် လွှတ် တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ၂၀၁၃ ခုနှစ်၊ ရှမ်းပြည်
နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၇ အရ ရှမ်းပြည်နယ် လွှတ်တော်က အတည်ပြု ပြဌာန်းထားသော
ဥပဒေများနှင့် ပတ် သက်၍ အစိုးရ အဖွဲ့၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးမြန်းရာ ပြည်နယ် ဥပဒေချုပ် ဦးတင်ဦးက နည်းဥပ ဒေပုဒ်မ ၁၅၇ အရ ပြည်နယ် လွှတ်တော်က ပြဌာန်းထားသည့်
စည်းမျဉ်းစည်းကမ်းများကို အနီးစပ်ဆုံး ကျင်းပသည့် လွှတ် တော် အစည်းအဝေးတွင်ဥက္ကဋ္ဌမှ
ကိုယ်စားလှယ်များထံဖြန့်ဝေ ခွင့်ရှိရမည်ဖြစ်ကြောင်း၊ ပြဌာန်းပြီး ဥပဒေများ အနက်မှ ရှမ်း
ပြည်နယ် ကျေးရွာ ထင်းစိုက်ခင်း ဥပဒေ၊ ပုဂ္ဂလိကမော်တော်ယာဉ် များ စည်းကမ်းတကျ ပြေးဆွဲရေး
ဥပဒေ၊ ရှမ်းပြည်နယ်စည်ပင် သာယာရေး ဥပဒေ၊ ရှမ်းပြည်နယ်မီးဘေးနှင့် သဘာဝဘေး အန္တ ရာယ်
ကြိုတင်ကာကွယ်ရေး ဥပဒေ၊ ရှမ်းပြည်နယ် မြေဩဇာ စနစ်တကျ ထုတ်လုပ် သုံးစွဲရေး ဥပဒေ၊ ရှမ်းပြည်နယ်
ဂုဏ်ထူး ဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်အပ်နှင်းခြင်း ဆိုင်ရာ ဥပဒေ၊
ပြည်နယ်အပင်နှင့် သီးနှံ ပျက်စီးခြင်း ဆိုင်ရာ ဥပဒေ၊ ရှမ်းပြည်နယ် ရေချိုငါး လုပ်ငန်းဥပဒေ၊
ရှမ်းပြည်နယ်ကုန် ထုတ်လုပ်ရေး ဥပဒေ၊ ရှမ်းပြည်နယ် အပင်နှင့် သီးနှံများ ပျက် စီးခြင်း
ဆိုင်ရာ ဥပဒေ၊ ရှမ်းပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူ ရေး ဥပဒေတို့ကို ပြဌာန်းခဲ့ပြီး
ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်မှ စတင် ၍ အတည်ပြု ပြဌာန်းခဲ့သည့် ဥပဒေ ၁၄ ခုရှိပြီး ၈ ခုကို
နည်း ဥပဒေ ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ် စားလှယ်များမှ ဌာနဆိုင်ရာများသို့
ပေးပို့ထားပြီး ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ နည်းဥပဒေ ရေးဆွဲလျက်ရှိ ကြောင်း၊
ပြန်လည် ဖြေကြားခဲ့သည်။
.
၂၅။ မောက်မယ်မြို့နယ် မဲဆန္ဒနယ်
အမှတ် (၁)မှ ဒေါ်နန်းဖွေးဟွမ်ဦးက မောက်မယ်မြို့နယ်အတွင်း၌ ပြည် ထောင်စုလွှတ်တော်ဆိုင်ရာ
ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင် ရွက်လျက် ရှိသော လုပ်ငန်းများနှင့် စပ်လျဉ်းသည့်
မေးခွန်း မေးမြန်းရာ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦး စိုးညွန့်လွင်က ၂၀၁၈-၂၀၁၉
ခုနှစ်အတွက် ငွေကျပ်သိန်း ၁၀၀၀၊ လုပ်ငန်း အရေအတွက် ၃၃ ခု ရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်
၃ ရာခိုင်နှုန်းသုံးစွဲထားခြင်း မရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၂၆။ ဆက်လက်ပြီး ဒေါ်နန်းဖွေးဟွမ်ဦးက
မောက်မယ်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း၌ အစိုးရဌာန ဆိုင်ရာ ရုံးများအတွက်
လျာထားသော မြေနေရာများ၊ စိုက်ခင်းများ၊ ဝန်ထမ်းအိမ်ရာများနှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းရာ
ပြည် နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံ ကျော်က ဂရန်ရရှိပြီး
ဌာနဆိုင်ရာရုံး ၂၅ ရုံး၊ မြေပေးမိန့်ရရှိပြီး မြေလွှဲမိန့်ကျရန် လျှောက်ထားဆဲ ၆ ရုံးရှိပြီး
မြေလွတ်မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထားဆဲဖြစ် ကြောင်း
ပြန်လည်ဖြေကြားခဲ့သည်။
.
၂၇။ ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးစိုင်းအောင် ကျော်ဦးက ဒုတိယအကြိမ်
ရှမ်းပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အတည်ပြုခဲ့သည့် သ ဘာဝ
ပတ်ဝန်းကျင် အကျိုးသက်ရောက်မှု (EIA) နှင့် လူမှုအ ကျိုးသက်ရောက်မှု (SIA)နှင့် ပတ်သက်သည့်
အဆိုနှင့် စပ် လျဉ်း၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်
စပ်လျဉ်းသည့် မေးခွန်း မေးမြန်းရာ ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က စီမံကိန်း
လုပ်ငန်းအနေ ဖြင့် EIA ၄၉ ခု၊ VPE ၁၄၆ ခု၊ EIP ၅၈၃ ခု ရှိပါကြောင်း၊ ရှမ်းပြည် နယ်
အစိုးရနှင့် အကျိုးတူ ပူးပေါင်းမှု စီမံကိန်း EIA ၁၂ ခု၊ EMP ၅၃ ခု ရှိပြီး ရေအား လျှပ်စစ်
စီမံကိန်း စာချွန်လွှာ MoU ရေးထိုး ပြီး အသေးစိတ် စူးစမ်းလေ့လာလျက်ရှိသည့် ရေအားလျှပ်စစ်စီ
မံကိန်း ၂၈ ခု၊ လုပ်ငန်း သဘောတူစာချွန်လွှာ (MoU) ရေးထိုးပြီး ဆောင်ရွက်သည့်လုပ်ငန်း
၃၀ ခု၊ မြေငှားရမ်း စာချုပ် ရေးထိုးပြီး ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်း ၆ ခု၊ အခြားနည်းဖြင့်
ဆောင် ရွက်သည့် လုပ်ငန်း ၅ ခု၊ စုစုပေါင်း စီမံကိန်း လုပ်ငန်း ၅၁၃ ခု ရှိပြီး MoU ရေးထိုးပြီး
အသေးစိတ် စူးစမ်း လေ့လာ ဆောင်ရွက် လျက်ရှိသော ဇီဝလောင်စာသုံး ဓါတ်အားပေး စက်ရုံ လုပ်ငန်း
၁ ခု၊ ဆိုလာသုံး လျှပ်စစ်ဓါတ်အားပေး လုပ်ငန်းအတွက် ၂ ခု၊ မြေအောက် အပူစွမ်းအင်ဖြင့်
လျှပ်စစ် ထုတ်လုပ်မှု စီမံကိန်းအ တွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း ၁ ခု၊ ကျောက်မီးသွေး
လောင်စာသုံး လျှပ်စစ်ဓါတ်အား စီမံကိန်း ၁ ခု၊ MoU သက်တမ်း တိုးပြီး စီမံကိန်း တို့ဖြစ်ပါကြောင်း၊
ရှမ်းပြည်နယ် အစိုးရ အနေ ဖြင့် ပြည်နယ် ဒေသန္တရ ဖွံ့ဖြိုးရေး ကုမ္ပဏီတို့ MoA လုပ်ငန်း
၁၃ ခုနှင့် နားလည်းမှု စာချွန်လွှာ MoU ရေးထိုးပြီး ၁၅ ခု၊ အပန်း ဖြေစခန်း စီမံကန်းနှင့်
ရုပ်မြင်သံကြားစက်ရုံ တည်ဆောက်ရေး စီမံကိန်း အကျိုးတူ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်
လျက်ရှိပါကြောင်း၊ ဆောင်ရွက်ရန် ကျန် ၁၅ ခုတို့ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၂၈။ လွိုင်လင်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါ်နန်းမြထွေးက လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ဆဟောင်းကျေးရွာ
အုပ်စုအတွင်း နောင်တောင်-ဟွေဆန်းတံတားအား ဆောင်ရွက်ပေးရန် အစီ အစဉ် ရှိ/မရှိ မေးမြန်းရာ
ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ဒေသမှလျှောက်ထားလာမှု
အပေါ် မူတည်၍ ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
၂၉။ တပ်မတော်သား ကိုယ်စားလှယ်
ဗိုလ်ကြီးဝင်းမင်းထွေးက ရှမ်းပြည်နယ်အတွင်း လေအားမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ် ရရှိနိုင်ရန်အတွက်
စီမံကိန်းများချမှတ်ပြီး စမ်းသပ်အကောင် အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ် ရှိ/မရှိ မေးခွန်း
မေး မြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန် တစ်လုံက တင်ပြလာမှုအပေါ်
မူတည်၍ စမ်းသပ်အကောင်အ ထည်ဖော် ဆောင်ရွက်သွားရန် ရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
.
၃၀။ ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်
(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်က ရှမ်းပြည်နယ် အစိုးရအနေဖြင့် အာလူးစိုက်ပျိုးသော
တောင်သူများ၏ အကျိုးစီးပွား ကာကွယ် နိုင်ရေး စီမံဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ မေးခွန်း
မေးမြန်းရာ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က စီမံ ချက်ပါအတိုင်း
ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
.
၃၁။ နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ်
(၂) မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်က ဒုတိယအကြိမ် ရှမ်းပြည် နယ်လွှတ်တော်တွင်
အတည်ပြုပြဌာန်းခဲ့သည့် အများပြည်သူ နှင့် သက်ဆိုင်သော ဥပဒေများအား အကောင်အထည်ဖော် ဆောင်ရွက်ရမည့်
သက်ဆိုင်ရာဌာန အဆင့်ဆင့်သို့ ဖြန့်ဝေ ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းရာ ပြည်နယ်ဥပဒေချုပ်
ဦး တင်ဦးက ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
.
၃၂။ လွိုင်လင်မြို့နယ်
မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်က တိုင်းရင်းသား
လူမျိုးများ ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ပြဌာန်း ချက်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့
အနေဖြင့် အကောင်အ ထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေအား မေးခွန်း မေး မြန်းရာ
အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ ထွန်းလှိုင်က တိုင်းရင်းသားလူမျိုးများ
ကာကွယ်ရေးဥပဒေ အ ခန်း(၅)၊ အပိုဒ် (၈)၊ တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊
ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးတမ်းများ ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးအတွက်
ဆောင်ရွက်လျက် ရှိပါ ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၃၃။ ဆက်လက်ပြီး ဦးခွန်ဒီဂေါလ်က
လက်ရှိအစိုးရ သက်တမ်း အတွင်း ရှမ်းပြည်နယ်အတွင်းရှိ လူကုန်ကူးမှုတားဆီး ကာ ကွယ်ရေးနှင့်
ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ခဲ့မှု များနှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းရာ
ပြည်နယ်လုံ ခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးက မဟာဗျူ ဟာ၊ နည်းဗျူဟာ
၃ ရပ်ဖြင့် ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်း
တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၃၄။ တပ်မတော်သား ကိုယ်စားလှယ်
ဗိုလ်ကြီးထင်ကျော်က အင်း လေး ကန်ဧရိယာ ကျဉ်းမြောင်း လာမှုအပေါ် ရှမ်းပြည်နယ်အစိုး ရ
အဖွဲ့မှ မည်ကဲ့သို့ စီမံ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍
ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က နုန်းထိန်းတမံ
၆ ခု၊ နုန်း ဖမ်းဆည်၂၈၀ ခု တည်ဆောက်ပြီး ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်
ရန်ပုံငွေဖြင့် လျာထားအကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
၃၅။ မိုင်းပျဉ်းမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂)မှ ဦးစိုင်းလှဝင်းက COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ရှမ်းပြည်နယ်
အတွင်းရှိ စာသင်တိုက်များနှင့် ကျောင်းတိုက်များသို့ ပစ္စည်း ၄ ပါး ဆက်ကပ်လှူဒါန်းခြင်းနှင့်
စပ်လျဉ်း၍ မေးခွန်းမေးမြန်းရာ ပြည် နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက
COVID-19 ကာလအတွင်း ဘုန်းတော်ကြီးကျောင်း ၁၂၃၅ ကျောင်းသို့ ဝတ္ထု ငွေကျပ် ၉၇ ဒသမ ၇၇၅
သန်းကို ဆက်ကပ်လှူဒါန်းနိုင်ခဲ့ပြီး COVID-19 ကာလအတွင်း ရောဂါဖြစ်ပွားမှုအပေါ် မူတည်၍
ဆက်လက်ထောက်ပံ့လှူဒါန်းပေးနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးများ အမည်စာရင်း တင်သွင်းခြင်း
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချူပ် ဒေါက်တာ လင်းထွဋ်က
ရှမ်းပြည်နယ်အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ ဖြစ်သော ရှမ်းပြည်နယ်တရားလွှတ်တော်
တရားသူကြီးများ အဖြစ် ဒေါ်စန္ဒာအောင်နှင့် ဦးအောင်သိန်းတို့ကို လွှတ်တော် သို့ အမည်စာရင်းတင်သွင်းပြီး
လွှတ်တော်၏ သဘောကိုရယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် ဒေသန္တရစီမံကိန်းဥပဒေ (မူကြမ်း) အား တင် သွင်းအတည်ပြုခြင်း
အစည်းအဝေး ပထမနေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်ဒေသန္တရ စီမံကိန်း
ဥပဒေ (မူကြမ်း)အား လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဒုတိယနေ့ တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက
ဆွေးနွေး၍ ဥပဒေမူကြမ်းအား အတည်ပြုခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေ အရအသုံးဆိုင်ရာဥပဒေ (မူကြမ်း) အား
တင်သွင်းအတည်ပြုခြင်း
အစည်းအဝေး ပထမနေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေ
အရ အသုံးဆိုင်ရာ ဥပဒေမူကြမ်းအား လွှတ်တော်သို့ တင်သွင်း ခဲ့ပြီး ဒုတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက
ဆွေး နွေးကာ အတည်ပြုခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် မြေယာခွန်ဥပဒေကြမ်းအား လွှတ်တော်၏ အ ဆုံးအဖြတ် ရယူခြင်း
ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တင်သွင်းသော ရှမ်းပြည် နယ် မြေယာခွန်
ဥပဒေကြမ်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးက ဆွေးနွေးရှင်းလင်းပြီး
လွှတ်တော် ၏အဆုံးအဖြတ် ရယူကာ အတည်ပြုခဲ့ကြောင်း သိရသည်။
.
အစီရင်ခံစာများ ဖတ်ကြားရှင်းလင်းခြင်း
ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ တင်ပြလာသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်
လုပ်ငန်းဆောင်ရွက်မှု အစီရင် ခံစာကို ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုးဟိန်းက
လွှတ်တော်သို့ ဖတ်ကြားရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
.
အဆိုများ တင်သွင်းခြင်း
၁။ နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ်
(၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်က ရှမ်းပြည်နယ်အတွင်း စွန့် ပစ်
ပစ္စည်း စီမံခန့်ခွဲမှုကို ရှမ်းပြည်နယ်အစိုးရမှ လက်ရှိထက် ပိုမို ကောင်းမွန်သောစနစ်ဖြင့်
ရေတိုရေရှည် စီမံချက်များ ချမှတ် ကာ အလေးထားဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆို ကို
လွှတ်တော်သို့ တင်သွင်းရာ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များက ထောက်ခံဆွေးနွေးပြီး
လွှတ်တော်၏ အဆုံး အဖြတ်ကို ရယူ၍ အဆို အတည်ပြုခဲ့ကြောင်းသိရသည်။
.
၂။ မိုင်းပန်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းနောင့်က ရှမ်းပြည်နယ်
ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုများကို အဆင်ပြေစွာ ရရှိနိုင်ရန် အစိုးရနှင့်
ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း အဆို ကို လွှတ်တော်သို့ တင်သွင်းရာ ပြည်နယ်လွှတ်တော် ကိုယ် စားလှယ်များက
ထောက်ခံဆွေးနွေးပြီး လွှတ်တော်၏ အဆုံး အဖြတ်ကို ရယူ၍ အဆိုအတည်ပြုခဲ့ကြောင်း သိရသည်။
.
၃။ ပင်လောင်းမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်က ရှမ်းပြည်နယ်
အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် ဈေးကွက်နှင့် ထုတ်ကုန်တိုးတက်ရေး၊ ခိုင်မာသောဈေးကွက်
ဖော်ဆောင်ရေး ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင် သွင်းရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ထောက်
ခံဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကာ အဆို အတည်ပြုခဲ့ကြောင်း သိရသည်။
.
၄။ သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်
(၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ရှမ်းပြည်နယ်အတွင်းရှိ အ ခြေခံပညာ
ကျောင်းများတွင် ပညာသင်နှစ်အလိုက် ကျောင်း စာကြည့်တိုက်များကို စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး
စီမံချက် ရေးဆွဲပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးရန် ရှမ်းပြည်နယ် အစိုးရအား တိုက်တွန်းကြောင်း
အဆိုကို တင်သွင်းရာ ပြည် နယ်လွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးပြီး အဆိုအတည်ပြုခဲ့ကြောင်း
သိရသည်။
.
အစည်းအဝေး နောက်ဆုံးနေ့တွင် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ် တော် အကြိမ် (၂၀) မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်
ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာ များအား ရှင်း လင်းတင်ပြပြီး အစည်းအဝေးအား
ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အကြိမ် ၂၀ မြောက် ပုံမှန်အစည်းအဝေးတွင်
ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များမှ ကြယ်ပွင့်ပြမေးခွန်း ၃၇ ခု မေးမြန်းခြင်းနှင့်
သက် ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များက ပြန်လည်ဖြေကြားခြင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ
ပြည် နယ်အစိုးရ၏ လုပ်ငန်းဆောင်ရွက် ချက်များအား လွှတ် တော်သို့ မိန့်ခွန်းပြောကြားခြင်းနှင့်
လွှတ်တော်မှမှတ်တမ်း တင်ခြင်း၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီး များ၏ အမည်စာရင်းကို
တင်သွင်းအတည်ပြုခြင်း၊ ရှမ်း ပြည်နယ် ဒေသန္တရစီမံကိန်းဥပဒေ (မူကြမ်း) အား တင် သွင်းအတည်ပြုခြင်း၊
ရှမ်းပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေ အ ရအသုံးဆိုင်ရာဥပဒေ (မူကြမ်း) အား တင်သွင်းအတည်ပြု ခြင်း၊
ရှမ်းပြည်နယ် မြေယာခွန် ဥပဒေကြမ်းအား လွှတ်တော် ၏ အဆုံးအဖြတ် ရယူခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း
သိ ရသည်။