တာချီလိတ်တွင် မော်တော်ယာဉ်များဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်သူ ၂ ဦးအား ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် မော်တော်ယာဉ်များဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်သူ ၂ ဦးအား ဖမ်းမိ


မင်းဇော်မင်း
.
တာချီလိတ်မြို့ဂေါက်ကွင်းအနီးမော်တော်ယာဉ် ၂ စီးနှင့်အတူ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ၂ ဦးကို စက်တင်ဘာလ ၈ ရက်၊ နေ့လယ်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

ရှမ်းရိုးမ - ၃ အထူးစစ်ဆင်ရေးအရ ပူးပေါင်းအဖွဲ့သည် သတင်းအရ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ ဝမ်မိုင်လမ်းဟောင်း၊ ဂေါက်ကွင်းအနီးတွင် စောင့်ဆိုင်းနေစဉ် ရှေ့ပြေးအဖြစ် မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာနေ ကိုဆိုက်ကား မောင်းနှင်သော မော်တော်ယာဉ်နှင့် ကပ်လျက် ပါလာသည့် ကိုအိုက်ကား မောင်းနှင်သော မော်တော်ယာဉ်များကို စစ်ဆေးရာ ကိုအိုက်ကား၏ ယာဉ်အတွင်းကျပ် သိန်း ၃၀၀ ခန့်တန်ဖိုးရှိ အဖြူရောင်ပုံဆောင်ခဲ ၃ ကီလိုခန့်ကို တွေ့ရှိ၍ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများကို မော်တော်ယာဉ်များဖြင့် သယ်ဆောင်လာသူ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာနေ ၂ ဦးကို တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ) ၁၂၀/၂၀၂၀၊ မူ/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် ဖမ်းဆီးကာ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Journal Download

Photo of three cats