အေးသာယာရှိ KTV အမည်ခံ ပြည့်တန်ဆာခန်းကို ရဲတပ်ဖွဲ့က အသွင်ယူ ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အေးသာယာရှိ KTV အမည်ခံ ပြည့်တန်ဆာခန်းကို ရဲတပ်ဖွဲ့က အသွင်ယူ ဖမ်းဆီး


ခွန်သန်းအောင်
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ KTV အမည်ခံ ပြည့်တန်ဆာခန်းအား စက်တင်ဘာ ၆ ရက်၊ နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက အသွင်ယူ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.
အေးသာယာမြို့တွင် KTV အမည်ခံကာ ပြည့်တန်ဆာခန်း ဖွင့်လှစ်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များသည် အသွင်ယူ သက်သေများအား နံပါတ် မှတ်သားထားသည့် ငွေစက္ကူ ကျပ် ၃၀၀၀၀ အား ပေးအပ်ကာ အေးသာယာမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြို့ပတ်လမ်းရှိ သက်ဖူးဝေ” KTV သို့ စေလွှတ်ခဲ့ပြီးနောက် ဝင်ရောက် ရှာဖွေ စစ်ဆေးစဉ် အိမ်ရှင်ဖြစ်သူနှင့်အတူ ပြည့်တန်ဆာ လုပ်ကိုင်သူ ၇ ဦးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

အဆိုပါ ပြည့်တန်ဆာ လုပ်ငန်းအား ခိုင်းစေ၍ ရရှိငွေအား အကျိုးခံစား ရယူကာ အသက်မွေးဝမ်းကျောင်းပြုသူ အိမ်ရှင်နှင့် ပြည့်တန်ဆာ ပြုလုပ်သူများအား အေးသာယာနယ်မြေရဲစခန်း(ပ) ၁၀၈/၂၀၂၀၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေပုဒ်မ ၃(က) / ၅(၁)ဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။
.
အေးသာယာမြို့သည် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ရုံးစိုက်ရာ တောင်ကြီးမြို့နယ်အတွင်း၌ တည်ရှိကာ တရားမဝင် KTV ၊ အနှိပ်ခန်းနှင့် ပြည့်တန်ဆာခန်း အများအပြား ရှိနေသော မြို့ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats