အောင်ပန်းတွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများအား ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများအား ဖမ်းမိ

မင်းဇော်မင်း

.

ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ(၁)တွင် စက်တင်ဘာလ ၂၄ ရက်၊ ညနေပိုင်းက ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

.

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များနှင့် အောင်ပန်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးပိုင်း တာဝန် ရှိသူများက သက်သေများနှင့်အတူ ပူးပေါင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.


အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ(၁)၊ အောင်ပန်း-ကလော သွား၊ ပြည်ထောင်စုကားလမ်းမဘေးတွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းအရ           ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၂၄ ရက်၊ ညနေ ၆ နာရီကျော်ခန့်တွင် သွားရောက် ရှာဖွေရာ အခန်း ၈ ခန်းပါ အဆောက်အဦတွင် ပြည်တန့်ဆာလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၂ ဦးတို့ကို ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြောင်း အထောက်အထားများနှင့် စစ်ဆေး တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

.

“ ဖမ်းဆီး ရမိတဲ့သူတွေကို စစ်ဆေးနေပြီး တရားစွဲ တင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။”ဟု ကလောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ  ၈ ဦးအား အောင်ပန်းနယ်မြေရဲစခန်းမှ (ပ)၁၆၀/၂၀၂၀၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၃(က)/၅(၁) ဖြင့် အမှုဖွင့်၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats