လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ငွေကျပ်သိန်း ၆၈၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စက်တင်ဘာလ ၃ ရက်၊ နေ့လယ်ပိုင်းတွင် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံ-လဲချား သွားကားလမ်းတွင် တားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်နေစဉ် လဲချားမြို့ဘက်မှ ပင်လုံမြို့ဘက်သို့ လားရှိုးမြို့၊ အမှတ်(၁၂)ရပ်ကွက်နေ ကျော်ကျော် (ခ)အားတုံး မောင်းနှင်ပြီး လားရှိုးမြို့၊ အမှတ်(၇)ရပ်ကွက်နေ ဝမ်လောင်ဝူ(ခ)ဝူတီး စီးနင်း လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူဘလောက်တုံး အလေးချိန် ၄၅.၇၅၈ ကီလို (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၆၈၆၃.၇ သိန်း)အား တွေ့ရှိ၍ သိမ်းဆည်းရမိခခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိသူများအား ပင်လုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များအား ဖော်ထုတ် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
Saturday, September 5, 2020

Home
ပင်လုံ
မှုခင်း
ရှမ်းတောင်သတင်းများ
ပင်လုံတွင် ကျပ်သိန်း ၆၈၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
ပင်လုံတွင် ကျပ်သိန်း ၆၈၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
Tags
# ပင်လုံ
# မှုခင်း
# ရှမ်းတောင်သတင်းများ
Share This
About Kanbawza Tai News
ရှမ်းတောင်သတင်းများ
Tags
ပင်လုံ,
မှုခင်း,
ရှမ်းတောင်သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment