ဆိုက်ခေါင်တွင် ထောပတ်ကိုင်းဆက်ပျိုးခြင်းဖြင့် ဖြစ်ထွန်းအောင်မြင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆိုက်ခေါင်တွင် ထောပတ်ကိုင်းဆက်ပျိုးခြင်းဖြင့် ဖြစ်ထွန်းအောင်မြင်

ခွန်ရဲထွေး

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာ တွင် ထောပတ်ကိုင်းဆက် ပျိုးခြင်းဖြင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

.

.

ကျွန်တော်က ထောပတ် ၇ ဧကခွဲ အပင်ပေါင်း ၆၀၀ ကျော် စိုက်ပျိုးပါတယ်။ စစိုက်တုန်းက ၂၀၁၆ စက်တင်ဘာလမှာ အရိုင်းပင်ကိုစစိုက်ပါတယ် တစ်နှစ်ခန့်အကြာမှာ ထောပတ်(Hass)မျိုးကို ကိုင်းဆက်ပေးပြီးတော့ ၂၀၁၈ နိုဝင်ဘာလမှာ စရောင်းတယ် ၁၄၅ ကီလိုခန့် ရောင်းရပါတယ် ၁ ကီလိုကို ငွေကျပ် ၆၀၀၀ နဲ့ ခြံထိလာဝယ်ပါတယ် ဒီနှစ်တော့ ၁၀၀၀ ကီလိုထွက်မယ်လို့ ခန့်မှန်းထားပါတယ် အသီးများတဲ့အပင်ဆို တပင်လျှင် ငွေကျပ် ၁ သိန်းခန့် ရနိုင်တယ်”ဟု ထောပတ်(Hass)မျိုး ကိုင်းဆက်တောင်သူ ခွန်ကျော်ဖေက ပြောသည်။

.

ကိုင်းဆက်ပျိုးခြင်းအပြင် ပျိုးပင်ကိုလည်း ပျိုးထောင်ပါတယ် ဒီနှစ်မှာ အပင်ပေါင်း ၇၀၀ ခန့် ပျိုးထောင်ထား တယ်။ ၅၀၀ လောက်ပဲအောင်မြင်တယ်။ အပင်အမျိုးအစားပေါ် မူတည်ပြီးတော့ ငွေကျပ် ၂၀၀၀ မှ ၅၀၀၀ အထိရတယ် သွားရောင်းစရာမလိုဘူး။ အော်ဒါမှာတာနဲ့ကို မလောက်ဘူး” ဟု ခွန်ကျော်ဖေက ပြောသည်။

.

ယင်းကဲ့သို့ ထောပတ်မျိုး စိုက်ပျိုးရာတွင် တစ်ပင်နှင်တစ်ပင် အနည်းဆုံး ၁၅ ပေ ခြားပြီး တစ်ပတန်း ၂၅ ပေ ခြား ၍ စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats