ရဲဘော်မြသိန်း (ဟိုပုံး)
.
ကျွန်တော်ဟာ ဟိုပုံးမြို့ကနေ တောင်ကြီးမြို့နယ် အေး သာယာမြို့ကို ပြောင်းရွှေ့နေထိုင်တာ ၁၅ နှစ်ကျော်ပါပြီ။ ၁-၄- ၂၀၁၅ နေ့က ဟိုပုံးမြို့က ပြောင်းရွှေ့ရောက်ရှိလာတာပါ။ အဲ့ဒီ လို ပြောင်းရွှေ့ရောက်ရှိလာပြီး ၉ နှစ်ကျော်ခန့်ထိ ကျွန်တော်တို့ မိသားစုရဲ့ ရေရယူသုံးစွဲမှုနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါးလေး တင်ပြချင်ပါတယ်။ ၉ နှစ်ကျော် ကာလကို ပိုင်းခြားပြီး တင်ပြ တာက အခုအဲ့ဒီ ၉ နှစ်ကျော်ပြီးနောက်ပိုင်း ၆ နှစ်ကျော်လောက် ကျတော့ ရေရယူ သုံးစွဲမှုဟာ လုံးဝအဆင်ပြေပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်နေရတာကို နှိုင်းယှဉ်ပြောပြချင်လို့ပါ။ တစ် နည်းပြောရရင် အေးသာယာရောက်ပြီး ၉ နှစ်ကျော်အထိ ရေ သုံးစွဲမှုအခက်အခဲ ဒုက္ခသုက္ခတွေရှိခဲ့ပြီး နောက်ပိုင်း ၆ နှစ် ကျော်ကာလ အခုချိန်ထိ အေးဆေးပါလို့ ပြောပြချင်လို့ပါ။ နောက်ပြီး ထနော့တိုင်းရင်းသား တစ်ဦးရဲ့ ရိုးရိုးသားသားနဲ့ ကိုယ့်အားကိုယ်ကိုး ရပ်ကျိုးရွာကျိုး ဆောင်ရွက်မှုကို ဂုဏ်ပြု တင်ပြချင်လို့ပါ။
.
ဟုတ်ကဲ့ ကျွန်တော်တို့ မိသားစု အေးသာယာမြို့ကို စပြီး ရောက်ရှိတော့ ရေကိုဝယ်ယူသုံးစွဲရတယ်ဗျ။ ထော်လာဂျီရေ ရောင်းကားတွေ ရှိတယ်ဗျ။ ရပ်ကွက်အနီးမှာရော အဝေးပြင်ပ မှာပါ ခေါ်လို့ရတယ်ဗျ။ ရေကားတစ်စီး ၂၀၀၀ ပတ်ဝန်းကျင်ပါ ပဲ။ အခြားအဝေးနေရာတွေ၊ ကားအဝင်အထွက် ခက်ခဲတဲ့ နေ ရာတွေမှာ ရေကားတစ်စီး ၃၀၀၀ ကျပ်၊ ၄၀၀၀ ကျပ် စသဖြင့် ပေးရတယ်ဗျ။ အထူးသဖြင့် နွေရာသီလို ရေရှားပါးတဲ့ အချိန် တွေမှာ တစ်စီး ၄၀၀၀ ကျပ် အနည်းဆုံးပေးရတယ်ဗျ။ အခုချိန် မှာတော့ ဘယ်ရေကားမဆို တစ်စီး ၄၅၀၀ ကျပ် ကျော်တာ ချည်းပဲ ဖြစ်နေပြီဗျ။ ကုန်ဈေးနှုန်း တက်ခြင်းတစ်မျိုးပေါ့။
.
အဲကျွန်တော်တို့ မိသားစုဟာ ၁ လကို ရေတင်ကား ၅ ကြိမ်လောက်ခေါ်ရတယ်ဗျ။ ငွေ ၁၀၀၀၀ ကျပ် ပတ်ဝန်းကျင်ဟာ တစ်လ ရေဖိုးပါပဲ။ ရေချိုးတဲ့အခါမှာတော့ မိုင်ဝက်လောက်ဝေး တဲ့ ဒေသအခေါ် ပိုက် ၂ လုံး ရေထွက်ကို သွားရပါတယ်။ အဲ့ဒီ မှာ အဝတ်အစားတွေကို လျှော်ဖွတ်ကြရပါတယ်။ နေ့တိုင်းနီးပါး ပါပဲ။ သောက်ရေ သုံးရေတွေကတော့ ထော်လာဂျီရေရောင်း ကား အားကိုးနဲ့လုပ်ဆောင်ရပါတယ်။ တစ်ခါတလေ အိမ်ကလူ တွေ အရေးကြီးရင်တော့ အိမ်မှာပဲ ရေချိုးကြပါတယ်။ ဒါကအ နည်းအပါးလောက်သာ ဖြစ်ပါတယ်။
.
ဒါပေမယ့် ရေရှားပါးတဲ့ နွေရာသီလို ကာလရောက်ရင် ထော်လာဂျီရေရောင်းကားတွေ ခေါ်ရတာခက်ခဲပါတယ်။ တော် တော်ကြာ ရေလာပို့မယ်ပြောပြီး မလာတာ၊ တခြားထော်လာဂျီ သွားခေါ်ရင်လည်း ထူးပြီးမခြားနားတာ၊ တစ်ခါတလေ ၃ ရက် လောက် ကြိုမှာထားတာတောင် ရေမပို့တာ၊ အိမ်မှာကလည်း ရေပြတ်တာမှ သူများဆီတောင် ရေ ၃/၄ ပုံး စသည်ချေးငှားသုံး ရတာ၊ ပိုက် ၂ လုံးရေထွက်သွားချိုးပြန်တော့လည်း ရေကအရင် ကလောက် မထွက်တာကြောင့် အနည်းအပါးသာ ချိုးရတာ၊ အ ဝတ်အစားတွေ လျှော်ဖွတ်ရေးနဲ့ သောက်ရေသုံးရေတွေမှာ ပူ ပင်ရတာ။ အကြိမ်ကြိမ်အခါခါ ရေရောင်းကားတွေနောက် လိုက် ရင်း မျက်နှာချိုသွေးရတာ စသဖြင့်ရေအခက်အခဲတွေ ဖြစ်ရပါ တယ်။ အေးသာယာမြို့ အနောက်ပိုင်းအစွန်ကုန်းမြင့်မြင့်ဘက် တွေမှာ ရေရှားပါးကြလို့ တောင်ကြီးမြို့က ရေအလှူရှင်တွေ လာရောက် ရေလှူဒါန်းကြတာလည်း ကြားဖူးကြမှာပါ။
.
ကျွန်တော်တို့ အေးသာယာမြို့ကို ရေပေးဝေတဲ့ နေရာမှာ မြို့စည်ပင်က ဆောင်ရွက်ပါတယ်။ ဒါပေမဲ့ တစ်မြို့လုံးတော့ မ ရဘူး၊ မလုံလောက်ဘူးဗျ။ ရေမရတဲ့ လူတွေက သူ့နည်းသူ့ဟန် တွေနဲ့ အဝီစိတွင်းတူးသုံးတာများပါတယ်။ မြေအောက်ရေပေါ့ ဗျာ။ တချို့ကတော့ မြို့အရှေ့ဘက် သဘာဝရေထွက်ပေါက် တွေကနေ သွယ်တန်းယူတာလည်း ရှိပါတယ်။ ခြံစိုက်ပျိုးရေး တွေကိုလည်း အဲ့ဒီရေထွက်ပေါက်တွေကနေ သွယ်တန်းလုပ် ဆောင်ကြပါတယ်။
.
၂၀၁၄ ခုနှစ် မေလထဲက ရက်တစ်ရက်မှာ ကျွန်တော်ဟာ ရပ်ကွက်ထဲက အိမ်တစ်အိမ်ကို အလည်အပတ် သွားပါတယ်။ ကျွန်တော်တို့ ရပ်ကွက်ဟာ ထနော့လူမျိုး အများစု ရောနှောနေ ထိုင်ရာ အရပ်ဖြစ်ပါတယ်။ အဲ့ဒီမှာ သတင်းအချက်အလက် တစ်ခုကို ကြားသိခဲ့ရပါတယ်။ ရွာထဲ(ထနော့လူမျိုးအခေါ်ဖြစ်ပြီး အမှန်ကတော့ ရပ်ကွက်အမှတ် ၄ ထဲ)မှာ ဦးတပယ်(ထနော့အ ခေါ်ကို မြန်မာမှုပြုရင် ဦးပယ်) က စက်ရေတွင်း တူးနေကြောင်း၊ ရေများထွက်ရှိစ ပြုပြီဖြစ်ကြောင်း၊ ရွာထဲက ရေသွယ်ချင်တဲ့ လူ များရှိရင် တစ်အိမ် ၁၅၀၀၀ ကျပ်နှုန်းနဲ့ အရင်းအနှီးသဘော ထည့်ဝင်ကာ နောက်ပိုင်းမှာ ရေမီတာနဲ့ ဖြန့်ဝေပေးပို့မှာ ဖြစ် ကြောင်း သတင်းစကားကြားသိခဲ့ရပါတယ်။
.
နောက်ရက်တွေမှာ ကျွန်တော်ဟာ ဦးပယ်နဲ့ ဆက်သွယ်ပါ တယ်။ သူ့ရဲ့မြေအောက်ရေတူးတဲ့ လုပ်ငန်းကိုလည်း သွားလေ့ လာပါတယ်။ ဘယ်ပုံဘယ်နည်း ဆက်သွယ်ဖြန့်ဖြူးပေးမယ်ဆို တာလည်း ဆွေးနွေးခဲ့ပါတယ်။ နောက်ဆုံးကျွန်တော်ဦးပယ်ဆီ ကို ငွေ ၁၅၀၀၀ ကျပ် ထည့်ဝင်အားပေးလိုက်ပါတယ်။ ကျွန် တော့်အိမ်ဘေးက မိတ်ဆွေတွေကိုလည်း ထည့်ဝင်ကြအောင် စည်းရုံးပေးခဲ့ပါတယ်။ ထည့်လည်းထည့်ဝင်ကြပါတယ်။ ဒါပေ မဲ့ တချို့အိမ်တွေကိုတော့ စည်းရုံးလို့မရပါဘူး။ တချို့ဦးပယ်တို့ နဲ့ ထနော့လူမျိုးချင်းလည်းတူ တကယ့်ဆွေမျိုးရင်းတွေ ဖြစ်တာ တောင် စည်းရုံးလို့ မရပါဘူး။ ဦးပယ်ကို မယုံကြည်ကြဘူးပေါ့ ဗျာ။ ဒါဟာ ဖြစ်တတ်တဲ့ သဘာဝပါ။ ကျွန်တော်ကတော့ ဦးပယ် ကို ရာခိုင်နှုန်းပြည့် မယုံကြည်ပေမဲ့ သူ့လုပ်ရပ်ကို အားပေးအား မြောက်ပြုရမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်ထည့်ဝင်ငွေ ၁၅၀၀၀ ကျပ် ဆုံးရှုံးချင် ဆုံးရှုံးပါစေလေ။
.
အဲ့ဒီတုန်းက ကျွန်တော်ဟာ ဆီးကျိတ်ရောဂါနဲ့ တောင်ကြီး စဝ်စံထွန်းဆေးရုံကြီးမှာ ခွဲစိတ်ကုသခံရမယ့် အချိန်ဖြစ်နေပါ တယ်။ မှတ်မှတ်ရရ ၁-၆-၂၀၁၄ မှာ ဆေးရုံတက်နေပါတယ်။ ဆေးရုံမရောက်မီ ကျွန်တော့်အိမ်ရေသွယ်ရေး ကိစ္စနဲ့ပတ်သက် ပြီး ရပ်ကွက်ရာအိမ်မှူးနဲ့ မိတ်ဆွေတချို့ကိုလည်းကောင်း၊ ဦး ပယ်ကို လည်းကောင်း ကျွန်တော် မရှိခိုက် ရေကိစ္စကူညီဆောင် ရွက်ပေးကြပါရန် မေတ္တာရပ်ခံခဲ့ပါတယ်။
.
ကျွန်တော် ၁-၆-၂၀၁၄ မှ ၁၀-၆-၂၀၁၄ ထိ ၁၀ ရက်တိတိ စဝ်စံထွန်းဆေးရုံကြီးမှာ ရှိနေပါတယ်။ ကျွန်တော့်တူမနဲ့ တူဖြစ် သူတို့ ဆေးရုံမှာ တစ်နေကုန် လာစောင့်ရှောက်ကြပါတယ်။ ကျွန်တော့်ရောဂါ ခွဲစိတ်ကုသမှုက တစ်ပိုင်း၊ အေးသာယာအိမ် က ရေသွယ်တန်းရောက်ရှိမှုက တစ်ပိုင်း ကျွန်တော့်စိတ်ထဲမှာ တစ်လှည့်စီ ဖြစ်ပေါ်နေခဲ့ပါတယ်။ တူမနဲ့တူက ညဘက်ဆို သူ တို့ကားကလေးနဲ့ အေးသာယာပြန်ကြရပါတယ်။ ကျွန်တော်က နေ့တိုင်းသူတို့ကို ရေသတင်းအခြေအနေ မေးမြန်းပါတယ်။ နောက်ဆုံးဆေးရုံတက်နေစဉ် အတွင်းအိမ်ကို ရေရောက်ပြီဖြစ် ကြောင်း သိရပါတယ်။
.
ကျွန်တော် အိမ်ပြန်ရောက်တော့ ရေမီတာနဲ့ ပလတ်စတစ် ပိုက်နဲ့က တစ်ဆင့် ရေတွေလာနေပါပြီ။ အိမ်ရှိကျောက်စည်ထဲ ကို ရေတွေကျနေပါပြီ။ လိုသလိုဖွင့်ပိတ်လို့ရနေပါပြီ။ ကျွန်တော် ကြည်နှုးဝမ်းမြောက်လိုက်ရတာ။ တစ်သက်လုံး အိမ်ရောက်တဲ့ အထိ ရေအသင့်(အဆင်သင့်) မသုံးစွဲခဲ့ဖူးရာက အခုအချိန်မ ရွေး အိမ်မှာသုံးစွဲရပြီဆိုတော့ ဘယ်မှာဝမ်းမမြောက်ဘဲရှိပါ့မလဲ။ ရန်ကုန်မြို့မှာ ၂၅ နှစ်လောက် နေခဲ့တာ၊ ဟိုပုံးမြို့မှာ အနှစ် ၃၀ ကျော်လောက် နေခဲ့တာ၊ အေးသာယာမြို့မှာ ၉ နှစ်လောက် နေခဲ့တာတွေမှာ ရေမီတာစနစ်ကို မသုံးစွဲခဲ့ဖူးပါ။ အခုမှ စတင် သုံးစွဲဖူးခြင်း ဖြစ်ပါတယ်။ ကမ္ဘာမှာရော မြန်မာမှာပါ လူအများစု ဟာ ရေဖူလုံမှု မရှိကြသေးပါဘူး။ အခုလို ကျွန်တော်တို့အိမ်ရေ ဖူလုံမှု ရှိလာတာဟာ ကံကောင်းခြင်းတစ်ရပ်လို့ ပြောနိုင်သလို၊ လူမှုဘဝတိုးတက်မှု တစ်ရပ်လို့ ပြောရင်လည်း ဖြစ်တာပေါ့ဗျာ။
.
တကယ်ဆိုရင် ကျွန်တော်တို့ ရပ်ကွက်ပတ်ဝန်းကျင် ရေရ ရှိရေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေ လုပ်ဆောင်ခဲ့ကြဖူးပါတယ်။ သမိုင်း ရှိပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်နဲ့တောင် လုပ်ကိုင်ခဲ့ကြဖူးပါ တယ်။ အဲ့ဒီကုလသမဂ္ဂ အစီအစဉ်ရဲ့ အမှတ်အသားအဖြစ် ရေ လှောင်ကန်တွေ ရေဘုံပိုင်တွေပျက်စီးမြင်တွေ့ အခုထိရှိကြပါ တယ်။ ဒါမျိုးကို ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာ အုပ်စုမှာ လည်း တွေ့မြင်ခဲ့ဖူးပါတယ်။ ရေရှည်မတည်မြဲမအောင်မြင်ခဲ့ တဲ့ သဘောတွေပါ။ ကာလတိုအတွင်း ပျက်သုဉ်းကုန်ခဲ့တဲ့ သ ဘောရှိပါတယ်။
.
အခုတော့ ကိုယ့်ရပ်ရွာအတွက် ထနော့တိုင်းရင်းသားကြီး ဦးပယ်က အမြင်ကျယ်သူတွေ၊ တတ်ကျွမ်းသူတွေနဲ့ ယုံကြည် ချက်တူတွေကို မေးမြန်းစုံစမ်း စိုက်ထုတ်လုပ်ဆောင်ခဲ့ရာက အ ခုလိုအိမ်တွေရောက်တဲ့အထိ ရေမီတာသုံးရေ ရရှိရေးတွေဖြစ် ပေါ်လာတာပါ။ အေးသာယာတစ်မြို့လုံးကို မဆိုလိုပါ။ သူတတ် နိုင်တဲ့ တစ်ပိုင်တစ်နိုင် လုပ်ငန်းကလေး တစ်ခုမျှသာပါ။ ဦးတ ပယ်ဟာ မြို့စည်ပင်လို အဖွဲ့မျိုး၊ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်လို မျိုး၊ နောက်ဆုံးလွှတ်တော် ကိုယ်စားလှယ်လို ပုဂ္ဂိုလ်မျိုးတွေဆီ မှာ မတင်ပြမတောင်းခံခဲ့ပါဘူး။ တင်ပြတောင်းခံရမှန်းလည်း မ သိပါဘူး။ အခုခေတ်က တာဝန်ရှိ လူပုဂ္ဂိုလ်ကြီးတွေလာရင် မိမိ တို့ဒေသတွက် ရပ်ရွာအတွက် ဘာလုပ်ပေးပါ၊ ညာလုပ်ပေးပါ၊ စသဖြင့် တင်ပြတောင်းဆိုလေ့ ရှိကြပါတယ်။ အဲ့ဒီလိုမျိုးတွေထဲ မှာ ဦးပယ်မပါပါဘူး။ သူကကိုယ့်အားကိုယ်ကိုးပြီး ရပ်ကျိုးရွာ ကျိုးကို ရိုးရိုးသားသား လုပ်ခဲ့တာပါ။ သူကရယူလိုသူ မဟုတ်ပါ ဘူး။ ပေးဆပ်လိုသူပါ။ ကျေးဇူးတင်စရာ၊ ဂုဏ်ပြုချင်စရာကောင်း တဲ့ တိုင်းရင်းသား တစ်ယောက်ပါ။ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအ စဉ်ထက်တောင် ဦးပယ်ရဲ့ အစီအစဉ်က အောင်မြင်လို့ ဦးပယ် ကို ကမ္ဘာ့အဆင့်မီ ပုဂ္ဂိုလ်တစ်ဦးလို့ ကျွန်တော်တင်စားလိုက်ပါ ရစေလား။
.
ဆက်ပြီးတင်ပြပါ့မယ်။ အခုဆို ကျွန်တော်တို့ ရပ်ကွက်ထဲ မှာ ဦးတပယ်ခေါ် ဦးပယ်ရဲ့ ရေပေးအစီအစဉ်ကို အားပေးဝင် ရောက် ငွေကြေးထည့်ဝင်သူတွေ တိုးပွားလာပါပြီ။ ရေမီတာဖိုး ကို ဦးပယ်နဲ့ အခြေခံပညာ အထက်တန်းကျောင်းသူ သူ့တူမတို့ လိုက်လံကောက်ခံကြရင် ရေဖိုးအကြွေးထားခဲ့ပါဦး လို့ဆိုရင် လည်း ရနေပါတယ်။ ရပ်သူရွာသားတွေက ခင်မင်ရင်းနှီးစွာ ရှိ ခဲ့ကြတယ်လေ။ တချို့က ဦးပယ်ကို ငယ်နိုင်တွေလေ။ ရေကို တွန်းပို့ရင် ရေပိုက်ထဲမှာ ရေလုံးပြည့်ပါစေ၊ ရေလုံးသေးနေရင် ရေမီတာထဲမှာ လေဝင်ခိုပြီး ရေမီတာကို လေအားက ပိုလည် ပတ်အောင် လုပ်ပစ်မှာမို့ ရေဖိုးပိုကုန်မှာ မို့လို့ပါ။ စသဖြင့် ထင် ရာမြင်ရာ ပြောတတ်တဲ့ ပညာရှင်တွေတောင် ပေါ်လာပါပြီ။ ဒီ တစ်ပတ်ရေဖိုးတွေ များလှချေလား အရင်တစ်ပတ်က ဒီ လောက် ရေဖိုးမကျပါဘူးလို့ မယုံမကြည်သလို၊ အပြစ်တင်သ လို ပြောတတ်တဲ့ လူမျိုးတွေလည်း ရှိလာပါပြီ။ ကိုယ့်သုံးစွဲမှု ပမာဏကို ပြန်မကြည့်ဘဲ အတ္တရှေ့တန်းတင်လွန်းတဲ့ လူတန်း စားတွေလည်း အင်အားကောင်းလာပါပြီ။ သူတို့ဟာ ကိုယ်ကျိုးကို ကြည့်လွန်းကြပြီး တစ်ချိန်က အဝေးကြီးရေသွားချိုးသွားခပ် သယ်ယူရတာတွေ၊ ရေရောင်းကားတွေကို အောက်ကျနောက်ကျ တောင်းပန်ခေါ်ယူရတာတွေနဲ့ အထွေထွေ ရေအခက်အခဲ တွေကို မေ့ပျောက်သွားကြပေပြီ။ ဘဝမေ့ခြင်း တစ်မျိုးပါ။ အခြေခံပညာနည်းပါးသူ၊ ငွေကြေးမချမ်းသာသူ၊ ရပ်ကွက်ထဲမှာ ဂုဏ်မရှိရှာသူ၊ သြဇာအာဏာ ကင်းမဲ့သူ ဦးပယ်ဟာ အပြုံးက လေးတွေနဲ့သာ ရင်ဆိုင်တုံ့ပြန်လေ့ရှိကြပါတယ်။ သူကဒါပဲတတ် ရှာပါတယ်။
.
အင်း ဆောင်းပါးကို နိဂုံးချုပ်ပါတော့မယ်။ ကျွန်တော့်အိမ်ဆို ရင်
တစ်လကို ရေမီတာ ၁၀ မီတာထက် ပိုမကုန်ပါဘူး။ ငွေရေး ကြေးရေးအားဖြင့် တစ်လပျမ်းမျှ
၁၀၀၀၀ ကျပ်လောက်ပါပဲ ရေ ရောင်းကား ခေါ်ရတာတို့၊ ရေတင်ရေဖြည့်ရတာတို့၊ ရေဖိတ်စင် ရတာတို့၊ ခေတ္တရေချေးငှား သုံးစွဲရတာတို့ မရှိတော့ပါဘူး။ အိမ် မှာချိုး၊ ဆေးကြော၊ သောက်သုံး၊ သစ်ပင်ပန်းပင် ရေလောင်း၊ လျှော်ဖွပ်စတာတွေ အေးအေးဆေးဆေး လုပ်နိုင်တာ ၆ နှစ် ကျော်ပါပြီ။ ဒီနှစ် ၆ နှစ်ပြည့်ပြီးမှ ဒီဆောင်းပါးကို ရေးတာပါ။ ထနော့တိုင်းရင်းသားကြီး ဦးပယ်ရဲ့ ရေဖြန့်ဖြူးရောင်းချတဲ့ အစီ အစဉ်တည်တံ့ခိုင်မြဲ အောင်မြင်သေချာမှ ရေးခြင်းဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုး ရပ်ကျိုးရွာကျိုး ဆောင်ရွက်သူ
ဦးပယ်ကို ဒီဆောင်းပါးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။ တကယ်လို့
ဒီဆောင်းပါး ကမ္ဘောဇတိုင်းသတင်းဂျာနယ်မှာ ပါရှိလာရင် ဦးပယ်ကို ကျွန်တော်ဦးစွာပေးဖတ် ဂုဏ်ပြုလိုက်မယ်လို့ စိတ်ကူးထားကြောင်း တင်ပြရင်း။ ။